💜29💜

2.2K 246 131
                                    

ဂျောင်ကုကနေ့လယ်ထယ်ယောင်းကျောင်းသွားချိန်မှာ
ဆေးရုံပန်းခြံထဲမှာlaptopတစ်လုံးနဲ့အလုပ်လုပ်နေကာ
တစ်နေ့တာကိုအဓိပ္ပာယ်ရှိရှိကုန်ဆုံးလေရဲ့~

"ကျွန်တော်ဆေးရုံဆင်းလို့ရပြီလားdoctor~"

"ဒီနေ့စစ်ဆေးမှုလုပ်ကြည့်လို့ အရင်တစ်ပတ်ကထက်ပိုပြီးသက်သာလာရင်တော့ဆင်းလို့ရပါတယ်~"

"ဟုတ်ကဲ့ စစ်ဆေးမှုကိုညနေမှလုပ်ချင်ပါတယ်~"

"ရတယ်လေ အဆင်ပြေတဲ့အခါပေါ့~"

"ဟုတ်ကဲ့~"

လမ်းလဲလျှောက်နိုင်ပြီဖြစ်သလို ဝမ်းသွားရတာလဲအဆင်ပြေပြီဖြစ်တဲ့ဂျောင်ကုကဆေးရုံဆင်းချင်ပြီမို့
ထယ်ယောင်းအပြန်ကိုမျှော်နေမိတော့တယ်။

"ဘာပြောတယ်!!"

"ဟုတ်တယ် ရှင့်ခြေထောက်တွေက အလုပ်မလုပ်တော့ဘူး~"

အားတင်းကာနေလာခဲ့ပြီးမှ
အောက်ပိုင်းသေသွားတဲ့အကြောင်းသိလိုက်ရပြီဖြစ်တဲ့ဂွမ်ချီဟာဒေါသအရမ်းထွက်နေဘေမဲ့ယောင်ရှင်းအမေကတော့
ဘာမှမပြော~

"ကုသနည်းတစ်ခုခုရှိမှာဘဲ ဘယ်လောက်ကုန်ကုန်
ငါကုမယ် doctorကိုခေါ်ပေး~"

"ကျွန်မပြောတာကိုမယုံဘူးဆိုတော့လဲ ခေါ်ပေးရမှာပေါ့~"

ယောင်ရှင်းအမေကdoctorခေါ်ပေးကာ
ဂွမ်ချီနဲ့ပေးတွေ့တော့ အမှန်တရားပြောတဲ့doctorရဲ့စကားကိုလဲသူ့မှာလက်မခံနိုင်~

"မဟုတ်ဘူး ရှိကိုရှိရမယ် ငါ့ခြေထောက်တွေကကျိုးသွားတာလဲမဟုတ်ဘဲနဲ့ ဘယ်လိုသေရတာလဲ~"

"ထိခိုက်သွားတာအရမ်းများပြီး ပင်မအာရုံကြောလဲပြတ်တောက်သွားတယ်လေ အသက်ရှင်တာတောင်ကံကောင်း~"

"အဲ့တာကိုကုချင်တယ် ဘယ်လောက်ကုန်ကုန်~"

"ကုလို့မရနိုင်ပါဘူး စိတ်မကောင်းပါဘူး
ကြိုက်တဲ့နိုင်ငံကြိုက်တဲ့ဆေးရုံမှာစမ်းသပ်ကုသကြည့်ပါ~"

ဆရာဝန်ထွက်သွားပြီးနောက်မှာဂွမ်ချီတစ်ယောက်
ဒေါသတွေထွက်ကာ သူ့လက်နဲ့မှီသမျှပစ္စည်းအကုန်ဖျက်ဆီးပစ်ပါရော~

~Cutie Monster~{Complete}Where stories live. Discover now