💜26💜🔞🔞

3.5K 246 219
                                    

ဂျောင်ကုရဲ့ပုခုံးကဒဏ်ရာတော်တော်လေးသက်သာသွားချိန်မှာထယ်ယောင်းကအလုပ်ပြန်စလုပ်ပြီး
ဂျောင်ကုကတော့ကုမ္ပဏီမသွားသေး~

"ထပ်ပြီး အပြင်မှာအိပ်ပျော်နေပြန်ပြီ
အအေးပတ်တော့မှာဘဲ~"

ညဘက်ထယ်ယောင်းအလုပ်ပြန်လာချိန်
ဖတ်လက်စစာအုပ်ကိုရင်ဘတ်ပေါ်တင်ရင်း
အိမ်ရှေ့ခန်းမှာအိပ်ပျော်နေတဲ့ဂျောင်ကုကိုတွေ့ရပြီ~

"ဟင်?..အင်း ပြန်လာပြီလားငယ်ငယ်~"

ခန္ဓာကိုယ်တစ်ခုလုံးလေပေါ်မြှောက်တက်သွားသလိုခံစားရလို့ဂျောင်ကုမျက်စိဖွင့်လာတော့ထယ်ယောင်းကသူ့ကိုပွေ့ချီထားတာမို့ပြုံးရင်း ထယ်ယောင်းလည်တိုင်ကိုဖက်လိုက်တယ်။

"ဘာလို့အပြင်မှာအိပ်နေတာလဲကိုကို အခန်းထဲဝင်အိပ်တာမဟုတ်ဘူး~"

"ငယ်ငယ်ကိုစောင့်ရင်းအိပ်ပျော်သွားတာ~"

"မစောင့်လဲရတာကို အခု အခန်းထဲမှာအိပ်တော့နော်~"

"ငယ်ငယ်ကိုဟင်းနွေးပေးပါဦးမယ် ညနေစာမစားရသေးဘူးမဟုတ်လား~"

"ငယ်ငယ်ကိုယ့်ဘာသာနွေးစားလိုက်ပါမယ် ကိုကိုကအိပ်တော့~"

ထယ်ယောင်းကဂျောင်ကုကိုအိပ်ယာပေါ်သွားချပေးပြီး
စောင်ခြုံပေးတော့ပြုံးပြုံးကြီးကြည့်နေတဲ့ဂျောင်ကုက
ဖက်ထားတာကိုလုံးဝမလွတ်~

"ငယ်ငယ့်ကိုလွတ်ပေးဦးလေကိုကိုရဲ့~"

"မလွတ်ပေးချင်ဘူးဆိုရင်ရော~"

"ဘယ်တတ်နိုင်မလဲ ငယ်ငယ်ပါလိုက်အိပ်ရမှာပေါ့~"

"ဟဟ..စတာပါ ရေသွားချိုးတော့လေ~"

"အွန်း~မွ~"

ဂျောင်ကုရဲ့နဖူးလေးကိုနမ်းပြီးနောက် ထယ်ယောင်းကရေချိုးကာအခန်းထဲပြန်ဝင်လာတော့ဂျောင်ကုကမရှိတာမို့
အဝတ်စားဝတ်ပြီးမီးဖိုထဲသွားလိုက်တာနဲ့ဂျောင်ကုကိုတွေ့ပြီ~

"ငယ်ငယ်ကိုယ့်ဖာကိုယ်နွေးစားလိုက်ပါမယ်ဆိုကိုကိုရာ~"

"ကိုကိုကလုပ်ပေးချင်တာလေငယ်ငယ်ရဲ့
ထိုင်နေ ဒါလေးရရင်ရပြီ~"

~Cutie Monster~{Complete}Where stories live. Discover now