💜24💜

2.3K 253 234
                                    

ဒုံယောင်ရှင်းတို့သားအမိနှစ်ယောက်
ပျော်ပျော်ရွှင်ရွှင်နဲ့စျေးဝယ်ထွက်လာကြရာ
ယောင်ရှင်းအမေက45နှစ်ရှိပြီဆိုဘေမဲ့ချောတုန်းလှတုန်း~

"Omma~ဒီအရောင်ယူ ဒီအရောင်နဲ့Ommaနဲ့လိုက်တယ်~"

"သားအဖေမြင်ရင်စိတ်ဆိုးနေပါဦးမယ်သားရယ်~"

"အဲ့လူကြီးOmmaဆီမလာတာဘဲနှစ်ပေါက်နေပြီကို
သူ့အကြိုက်ကိုလိုက်လုပ်နေတုန်းလား~"

"စိတ်ကူးပေါက်လို့ရောက်လာတဲ့အခါ
သူမကြိုက်တာတွေ့ရင်သေချာပေါက်စိတ်ဆိုးနေမှာ~"

ယောင်ရှင်းအမေကဂွမ်ချီထက်ငါးနှစ်ကြီးပြီး
ဆောင်းယူရိုးဆိုတဲ့အမျိုးသမီးနဲ့ရုပ်ဆင်တာကြောင့်
ဂွမ်ချီရဲ့အတင်းအကျပ်မယားလုပ်ခြင်းကိုခံရပြီး
ယူရိုးအကြိုက်အစားအစာကိုသာစားရ ယူရိုးကြိုက်တဲ့အရောင် ယူရိုးကြိုက်တဲ့အဝတ်အစားတွေကိုသာသုံးရတဲ့အစားထိုးတစ်ယောက်~

"သားကိုယုံOmma အဲ့လူကြီးကအခုတစ်ခြားတစ်ယောက်ကိုကြိုက်သွားပြီ အရင်လိုအရက်မူးပြီးOmmaကို
ရိုး လို့လာခေါ်တော့မှာမဟုတ်ဘူး~"

"တကယ်?"

"တကယ်ပေါ့Ommaဆီမလာတော့တာဘဲကြည့်လေ~"

"ဟုတ်သားနော် သူရောက်မလာတာသုံးနှစ်ကျော်နေပြီ
အဆင်ရောပြေရဲ့လားမသိဘူး~"

"Ommaနော် မူးမူးနဲ့ယူရိုးဆိုတဲ့အမျိုးသမီးနဲ့မှားပြီး
ကြင်နာပြတဲ့အဲ့လူကြီးအပေါ်စိတ်ယိုင်နေတာလား~"

"Ommaကအစားထိုးလူဆိုတာကိုလဲသိတယ်
သူကOmmaအပေါ်မကောင်းတာကိုလဲသိတယ် ဒါဘေမဲ့
သားအဖေကိုမေတ္တာသက်ဝင်မိတယ်~"

"ကျွန်တော်ကတော့လုံးဝသဘောမတူဘူးနော်Omma
သူကOmmaကိုမှအစားထိုးခဲ့တာမဟုတ်ဘူး
ကျွန်တော့်ကိုပါ သူ့သားကိုပေးချင်ခဲ့တဲ့နာမည်ပေးပြီးအစားထိုးခဲ့တာ~"

"အခုထိသားAppaကိုစိတ်ဆိုးနေတုန်းလား~"

"စိတ်ဆိုးတာမဟုတ်ဘူးOmma မုန်းတာ
သူ့ကိုသေလောက်အောင်မုန်းတာ ကျွန်တော့်ကိုသတ်ဖို့အထိလုပ်ခဲ့တဲ့သူ့ကိုအဖေလို့မသတ်မှတ်ဘူး ခွင့်လဲခွင့်မလွတ်နိုင်ဘူး~"

~Cutie Monster~{Complete}Where stories live. Discover now