💜1💜

11.6K 520 364
                                    

13နှစ်အရွယ်ဂျွန်ဂျောင်ကုတစ်ယောက်
မိသားစုနဲ့အေးအေးချမ်းချမ်းနေနေရာကနေ
သူ့အဖေခေါ်လာတဲ့မွေးကင်းစကလေးလေးကြောင့်
အတော်လေးစိတ်ရှုပ်ရတာအမှန်~

"ဘာလို့မွေးစပေါက်ကလေးကိုခေါ်လာတာလဲAppa~"

"ခေါ်လာတာမဟုတ်ဘူး အိမ်ရှေ့မှာလာပစ်ထားလို့~"

"ကလေးကချစ်စရာလေးကိုဘယ်လိုမိဘတွေကပစ်ရက်တာလဲ စာတွေဘာတွေမပါဘူးလားအစ်ကို~"

"ပါတယ် ဒီမှာ~"

"ဖတ်ကြည့်ရအောင် အသက်တစ်ရက်ဘဲရှိသေးတဲ့
ကင်မ်ထယ်ယောင်းလေးကိုစောင့်ရှောက်ပေးပါ~"

"ကလေးနာမည်ကကင်မ်ထယ်ယောင်းဖြစ်ပြီး
သူ့မွေးနေ့ကမနေ့ကပေါ့?"

"သနားပါတယ် အခုမှမွေးတဲ့ကလေးကိုကွယ်~"

သနားကြင်နာတတ်တဲ့သူ့မိဘတွေကမွေးကင်းစကလေးလေးကင်မ်ထယ်ယောင်းကိုမွေးစားလိုက်ကြဘေမဲ့
ဂျောင်ကုကတော့နည်းနည်းလေးမှအလိုမကျ~

"အူငဲ...အူငဲ~"

"သားလေးဂျောင်ကု ညီလေးကိုနို့ဘူးတိုက်ပေးပါဦးကွယ်
Ommaကဟင်းအိုးတန်းလန်းနဲ့မို့~"

"သားမအားဘူးOmma သားအိမ်စာတွေရေးနေတယ်~"

"ခဏလေးကိုသားရယ် သားAppaလဲအလုပ်သွားနေလို့ပါ
နို့ဘူးကလဲဖျော်ထားပြီးသားတိုက်ရုံဘဲ~"

"ဟူးးး ရှုပ်လိုက်တာ~"

ကလေးငယ်ထယ်ပေါက်စရောက်ပြီးကတည်းက
ကလေးကိစ္စအသေးအမွှားလေးတွေကိုလုပ်ပေးရတဲ့ဂျောင်ကုကလုံးဝစိတ်တိုင်းမကျတာမို့ ကလေးကိုလုံးဝမထိ~

"ပါပါး~"

"အိုး..တော်လိုက်တာ..မွ~"

"ခစ်ခစ်...ခစ်ခစ်~"

"သားဂျောင်ကုရေ ငယ်ငယ်ကချစ်ဖို့မကောင်းဘူးလား~"

"လုံးဝဘဲ~"

8လသားအရွယ်ရောက်လာတဲ့ထယ်ယောင်းလေးက
ပြည့်ပြည့်ဖောင်းဖောင်းလေးမို့မြင်သူတိုင်းအသည်းယားချစ်ကြဘေမဲ့ဂျောင်ကုကတော့အားလုံးနဲ့ဆန့်ကျင်ဖက်~

"တိုတို..ချောင့်ဦး~"

"မစောင့်ချင်ဘူးကွာ ကိုယ့်ဟာကိုယ်လာ~"

~Cutie Monster~{Complete}Where stories live. Discover now