💜18💜

2.3K 287 265
                                    

တည်တည်ငြိမ်ငြိမ်ပျော်ပျော်ရွှင်ရွှင်နဲ့
နှစ်ယောက်ရဲ့ချစ်သူသက်တမ်းလေးကြာလာပြီး
ထယ်ယောင်းတောင်အတန်းတင်စာမေးပွဲဖြေပြီ~

"ကြိုးစားထားနော်ငယ်ငယ် ဒီနေ့နောက်ဆုံးစာမေးပွဲဘဲ~"

"ဟုတ်ကဲ့~"

"ပြွတ်စ်...ကိုကိုစောစောလာကြိုမယ်~"

"Nae...မွ...ပြွတ်စ်~"

တစ်ယောက်နဲ့တစ်ယောက်အနမ်းတွေပေးပြီးနောက်
ထယ်ယောင်းကစာမေးပွဲခန်းထဲဝင်သွားကာ
ဂျောင်ကုကသူ့ရဲ့ကုမ္ပဏီဆီသို့~

"သွားကြိုတဲ့အချိန် ဂုဏ်ပြုပန်းစည်းဝယ်သွားရမယ်~"

"ကိုယ့်အတွက်ရော~"

"ဟာ့!"

ဂျောင်ကုရုံးခန်းထဲဝင်တာနဲ့သူ့ကိုအနောက်ကနေဖက်လာတဲ့လူကြောင့်လန့်ပြီးရုန်းထွက်ကာလှည့်ကြည့်လိုက်တော့
မတွေ့တာအရမ်းကြာပြီဖြစ်တဲ့ဂွမ်ချီ~

"ကိုယ့်ကိုတွေ့တာနဲ့ အဲ့လောက်တောင်ကြောက်သွားလား~"

"ကြောက်တာမဟုတ်ဘူး ရုတ်တရက်မို့လန့်သွားရုံဘဲ
ဘာကိစ္စရောက်လာတာလဲ~"

"သက်သေပြချင်လို့~"

"ရူးနေပြီထင်တယ် ကိစ္စမရှိရင်ပြန်တော့ငါမအားဘူး
အားရင်လဲမင်းအတွက်အချိန်မပေးနိုင်ဘူး~"

ပြောပြီးတာနဲ့ဂျောင်ကုကဘာမှမဖြစ်သလို
sofaပေါ်ထိုင်လိုက်ရာဂွမ်ချီကလဲသူ့ရှေ့တည့်တည့်မှာလာထိုင်လေရဲ့~

"အဲ့လိုမလုပ်ပါနဲ့ ကိုယ်က ရက်တွေလတွေအကုန်ခံပြီး
သက်သေရှာလာရတာ~"

"ငါလဲမမေးမိပါဘူး~"

"ထားပါ ကိုယ်အရင်ကပို့ခဲ့တဲ့videoတွေကို
သေချာကြည့်ခဲ့လား~"

"မင်းရဲ့အရူးလုပ်ရပ်တွေကိုဘာမှမဖြစ်သလို
ငါကဇိမ်ခံကြည့်နေရမှာလား~"

"ကိုယ့်လုပ်ရပ်မဟုတ်ပါဘူး ဟိုကောင်လေးထယ်ယောင်းရဲ့လုပ်ရပ်ပါ~"

"မဟုတ်တာတွေပြောမနေနဲ့ဂွမ်ချီ!"

"ဟားဟားး ဒီလောက်ဆို မင်းသေချာမကြည့်ခဲ့တာသေချာသွားပြီ~"

~Cutie Monster~{Complete}Where stories live. Discover now