💜15💜

2.7K 275 215
                                    

ထယ်ယောင်းသူ့ကိုမကပ်တွယ်နေဖို့အတွက်
ဆိုးဝါးတဲ့အကြံဉာဏ်ကိုသုံးလိုက်တဲ့ဂျောင်ကုက
ကြမ်းပြင်ပေါ်ကျနေတဲ့cakeကိုပန်းကန်ထဲယူထည့်ပြီး
မှိုင်တွေနေလေရဲ့~

*သူအဆင်ရောပြေပါ့မလား သူ့အင်္ကျီအိတ်ထဲငါ့ကဒ်ထည့်ထားပေးတာရောတွေ့ရဲ့လား~*

"ကျွန်တော်ပြန်တော့မယ်လေ~"

"အော် အင်း ပိုက်ဆံယူသွားလိုက်ဦး~"

သူငှားလာတဲ့ကောင်လေးနဲ့သူက
ဘာမှသေသေချာချာမလုပ်ခဲ့ကြဘေမဲ့
အဖိုးအခပိုက်ဆံထုတ်ပေးလေရဲ့~

"နောက်လိုရင်လဲခေါ်ပါ ချက်ချင်းလာခဲ့ပါ့မယ်~"

"ကရုစိုက် လူသတ်သမားတွေနဲ့ပြည့်နေတဲ့ကမ္ဘာကြီးက
ကြောက်စရာကောင်းတယ်~"

ဂျောင်ကုဘာကိုဆိုလိုချင်မှန်းမသိဘေမဲ့
ခေါင်းငြိမ့်ပြကာထွက်သွားတဲ့ကောင်လေးက
သိပ်မကြာခင်အသတ်ခံလိုက်ရမှာကိုဂျောင်ကုစိုးရိမ်တာအမှန်~

"ငယ်ငယ်ဘယ်ကိုများနေလောက်မလဲ~"

သူကိုယ်တိုင်ပထုတ်လိုက်တာဆိုဘေမဲ့လဲ
စိတ်ကမဖြောင့်နဲ့သူ့ရဲ့ဖုန်းကိုယူကာ
ထယ်ယောင်းဖုန်းရဲ့locationကိုရှာကြည့်တော့
ပြနေတဲ့နေရာကဟန်မြစ်ဘေး~

"မဟုတ်တာလုပ်ဖို့စဥ်းစားနေတာတော့မဟုတ်လောက်ပါဘူးနော်~"

စိတ်ပူနေဘေမဲ့လဲ အဆင်ပြေသွားမှာပါဆိုတဲ့စိတ်နဲ့
အေးအေးဆေးဆေးနေနေလိုက်ရာ
ညဦးပိုင်းအချိန်လဲရောက်လာရောကောင်းကင်ကမဲမှောင်ပြီး
မိုးခြိမ်းသံကတစ်ဂျိမ်းဂျိမ်း~

"ငယ်ငယ်ကမိုးခြိမ်းရင်ကြောက်တယ် ဘာမှမဖြစ်ပါဘူး
သူ့ရဲ့မမတစ်ယောက်ယောက်ဆီသွားမှာပါ
ပိုက်ဆံလဲပါသွားတာဘဲhotelသွားလဲရတယ်~"

လှလှပပရှိမနေတော့တဲ့cakeလေးကိုမပစ်ရက်တဲ့အပြင်
တစ်ဇွန်းကော်စားကာရေခဲသေတ္တာထဲထည့်ထားတဲ့ဂျောင်ကုကရင်ထဲမှာနေလို့မကောင်း~

*ငါအချိုမကြိုက်မှန်းသိလို့ချောကလက်ကိတ်လေးလုပ်လာပေးတာဘဲ~*

ကြေကွဲဝမ်းနည်းနေတဲ့ဂျောင်ကုက
ဘယ်လိုမှအိပ်မရဘဲအိပ်ယာပေါ်ထိုင်နေရာ
မိုးတွေသဲသဲမဲမဲရွာချလာတော့ထယ်ယောင်းကိုစိတ်မချ
locationကိုကြည့်ပြန်တော့နေရာကမပြောင်း~

~Cutie Monster~{Complete}Where stories live. Discover now