အပိုင်း(၅)

Start from the beginning
                                    

"မောင် ..ဒါဆို ဒီနှစ်ထည်ယူလိုက်မယ်"

"ဟိုအထည်လေးပါယူလိုက်လင်း..ငါဝယ်မေးမယ်"

"မဝယ်ပေးပါနဲ့..မလိုချင်ဘူး"

"လင်းကလည်း ငါကလက်ဆောင်ပေးတာကို"

"လက်ဆောင်လည်းမယူဘူး"

"လင်းကလည်း"

လင်းနဲ့မောင်စကားပြောနေတုန်း သခင်နဲ့သူ့ရည်းစားလင်းတို့အနားရောက်လာသည်။ရောက်လာမယ်မထင်ထား၍ အံ့ဩမိသွားသည်။

"သူကဘယ်သူလဲ"

သခင်ကကိုယ့်ကိုကြည့်ကာ မောင့်ကိုဘယ်သူလဲ မေးသည်။မောင်ကတော့ဘာမှမသိ၍ သူ့ဘာသာသူနေနေသည်။

" သူငယ်ချင်းပါ"

"ဪ"

"မောင် ပြန်နှင့်တော့..ကျွန်မဘာသာပဲပြန်တော့မယ်"

"လွန်းတစ်ယောက်တည်းဖြစ်နေမှာပေါ့လွန်းရဲ့"

"ရတယ်မောင် ကျွန်မ သူနဲ့ပြန်ခဲ့မှာ"

သခင်ကကိုယ့်ကိုထိုးပြရင်းသူ့ရည်းစားအားပြောသည်။သခင်ကကိုယ့်ကိုဆိုအမြဲပိုင်စိုးပိုင်းနင်းလုပ်သည်။အဲ့ဒါဟာအခုမှမဟုတ်‌။ငယ်ငယ်ကတည်းကလို့ပြောရမည်။အခုလည်းကိုယ့်ဆန္ဒကိုမမေးဘဲ သူလုပ်ချင်ရာလုပ်သည်။

"အလင်း မင်းမမနဲ့ပြန်မှာမလား"

လင်းမငြင်းနိုင်ပါ။သခင့်ကိုဘယ်တုန်းကများငြင်းဆန်ဖူးခဲ့လို့လဲ။

"‌ဟုတ်သခင်"

လင်း မောင့်ဘက်ကိုလှည့်ကာ

"မောင် ဖူးမြတ်တို့နဲ့ပြန်လိုက်တော့နော်...အဆင်ပြေတယ်မလား"

"ငါကရပါတယ်..ဒါနဲ့လင်းက သူနဲ့သိလို့လား"

မောင်ကကိုယ့်နားကပ်ကာခပ်တိုးတိုးပြောလိုက်သည်။သခင်ကတော့ ကိုယ့်ကိုသဘောမကျစွာကြည့်နေသည်။လင်းလည်းမသိကျိုးကျွံပြုထားသည်။

"အင်း လင်း အစ်မဆိုပါတော့..အမျိုးတော့မတော်ဘူး"

"ဪ"

"သွားမယ် အလင်း"

"ဟုတ်"

"မောင်သွားပြီနော်"
"မောင် ငါသွားပြီ"

သခင် (Completed)Where stories live. Discover now