Ep - 24

526 36 1
                                    

နံနက် အာရုံတက်လို့ နေမင်းကြီးလည်း အရှေ့ အရပ်ကနေ စတင် ခေါင်းပြူထွက်လာနေပြီး တစ်ချို့ အိမ်တွေမှာလည်း အိမ်ထောင်ရှင်မ တွေက သူတို့ရဲ့ ဝတ္တရား အရ အိမ်ထောင့် တာဝန်ကို ထမ်းဆောင် နေကြပြီ ဖြစ်သည်။

အဲ့ဒီလိုပဲ ကျောင်းသွားဖို့ တာဝန် ရှိတဲ့ ကျောင်းသားတွေလည်း မ ထ ချင်ပဲ ထ ကြရပါသည်။

' ဝါးးးးး ...။'

!!!! ထင်း !!!!

ဟော်ရှင်း သူ ခုမှ အိပ်ယာထဲကနေ လက် ဆန့်ထုတ်ပြီး မျက်လုံး ဖွင့်ရုံ ရှိသေး သူ့ဖုန်း ဆီက အချက်ပေးသံ အရင်ကြားနေရပြီ။

ဖုန်းကို ယူပြီး ကြည့်လိုက်တော့ ကင်း ဆီက ...

📩 ' မောနင်း ...။'

ဟော်ရှင်း မက်ဆေ့ မြင်တော့မှ မနေ့ည သူ လိုင်း ပိတ်ပြီး အိပ်ဖို့ မေ့သွားတာကို သတိရသွားသည်။

သူ ကြည့်လိုက်တာကို ဟိုဘက်ကလည်း သိသည်ထင် စာ ထပ်ပို့လာတယ်။

📩 ' ထ ပြီလား ...။ ဒီနေ့ ကျူတိုရီရယ် ရှိတယ်နော် ...။'

ဟော်ရှင်း ထပ်ပို့လာတဲ့ စာ ကို ကြည့်ပြီး ထ ထိုင်လိုက်ရင်း ...

' သူက အတန်းလည်း မတူပဲနဲ့ ငါ့ အတန်းမှာ ကျူတိုရီရယ် ရှိတာကို ဘယ်လိုသိတာလဲ ...။'

ဟော်ရှင်း ကိုယ့်ဘာသာ ပြောလည်း ပြော လက်ကလည်း ဘယ်လိုသိတာလဲ ဆိုတာကို ရိုက်ပြီး မေးနေပြီ ဖြစ်သည်။

📩 ' ငါ့အတန်းမှာ ကျူတိုရီရယ် ရှိတာကို မင်း က တစ်ခြားခန်းက ဖြစ်ပြီး ဘယ်လိုသိတာလဲ ...။'

📩 ဘယ်လိုသိတာလဲဆို ... မင်းတို့ အတန်း နဲ့ ငါတို့ အတန်း အတူတူ ဖြေရမှာလေ ...။

📩 ထူးဆန်း လှချည်လား...၊ တစ်ခါမှ အဲ့လို အတန်းပေါင်းပြီး မဖြေရဖူးပါဘူး။

📩 အင်း ...။ ငါလည်း မသိဘူး။ ငါ့သူငယ်ချင်းတွေ ပြောလာမှ သိတာ။ အဲ့ဒါကြောင့် မင်း ကို ပြောပြပြီး သတိ ထပ်ပေးတာ။ ကျူတိုရီရယ် ရှိတာကို မေ့နေမှာ စိုးလို့ ...။

📩 🙄 လျှာကို ရှည်တယ်။

' အဟင်းးး ...။ ချစ်စရာကြီး ...။'

What's wrong? ( Completed )Where stories live. Discover now