Ep - 23

412 36 1
                                    

ကလပ် အပြင်ဘက်တွင်

' ယွီ့ကျင်း ဘာလုပ်လိုက်တာလဲ ...။'

' ဟွန်း !!!.'

ယွီ့ကျင်း ရှဲန့်မု ရဲ့ အမေးကို ချက်ချင်း မဖြေပဲ နောက်ကို ပြန်လှည့်ပြီး တစ်ချက် ရယ်ရင်း ...

' အဲ့ဒီ ရှောင်း ကို တကယ် ယောကျာ်းပေးစားမလို့လေ။'

' ဘာပြောတာလဲ ...။'

' ကဲပါ ... လာ ပြန်ရအောင်။ အခု လာချင်တဲ့ ကလပ်ကိုလည်း လာရပြီမလား ...။'

ရှဲန့်မု သူ့ကို ဆွဲခေါ်တဲ့ ယွီ့ကျင်း နောက် ပါသွားရင်း ခုန ဝမ်ရိပေါ် ကိုင်သွားတဲ့ ပုလင်း ထဲကို ယွီ့ကျင်း ဘာထည့်ခိုင်းလိုက်တယ်ဆိုတာ သိချင်နေပါသည်။

~~~~~~~

ဖဲဝိုင်း တွင်တော့ ရှောင်းကျန့် တစ်ယောက် သောက်ချင်နေတဲ့ ဝိုင် ကိုလည်း သောက်ရပြီး၊ ဝိုင် သောက်လိုက် ဖဲ ပွတ်လိုက် လုပ်နေရတော့ အချိန်ကိုလည်း မေ့သွားပါတယ်။

' ဝမ်ရိပေါ် ...။'

ရိပေါ် ဝိုင် သောက်နေရင်း သူ့ကို ခေါ်လာတဲ့ မုလုံ ကြောင့် ဘာလဲ ဆိုပြီး ခေါင်းဆတ်ပြလိုက်တော့ ...

' ငါ့မှာ ကြေးပြားတွေ မရှိတော့ဘူး။ မင်း ငါ့ကို ထပ်သွားပြီး လဲ ပေးလို့ ရလား ...။'

ရှောင်းကျန့် ကြားလိုက်ရတဲ့ စကားကြောင့် မုလုံ ကို ကြည့်လိုက်ပြီး ...

' မုလုံ ... မင်း အဲ့လို ပြောပြောနေတာ ဘယ်နှစ်ခါတောင် ရှိနေပြီလဲ ...။ မနိုင်တော့ရင်လည်း တော်လိုက်တော့ ...။'

မုလုံ မသောက်ဖူးတဲ့ ဝိုင်တွေ ဝင်ထားတာရော ပိုက်ဆံက သူ့အရင်းထဲကပါ ရှုံးသွားတာရောကြောင့် အခု ရှောင်းကျန့် ကပါ ဝင်ပြောလာတာကြောင့် စိတ်က ဆတ်လာပါတော့သည်။

' မတော်ဘူး။ ငါ့ပိုက်ဆံတွေ အကုန် ရအောင် ပြန်ယူမယ်။ ဝမ်ရိပေါ် မင်း သွားမလဲပေးရင်လည်း မာလု ကို ပေးပြီး သူ့ကို သွားလဲခိုင်းလိုက် ...။'

ရိပေါ် ကဒ် လည်း မထုတ်ပေးသေးပဲ ရှောင်း ကို ကြည့်တော့ ခေါင်းခါပြလာတာကြောင့် မုလုံ ကို ဘာမှပြန်မပြောတော့ပဲ ဒီတိုင်းပဲ နေ နေ လိုက်သည်။

What's wrong? ( Completed )Where stories live. Discover now