Ep - 31 ( Final )

730 30 3
                                    

တရုတ်က လာတဲ့ ဝမ် လင်မယား နှစ်ယောက် ပြင်သစ်မြို့ရဲ့ အထင်ကရ နေရာတွေမှာ သူတို့ရဲ့ခြေရာ ၊ လက်ရာ၊ အငွေ့အသက်တွေ လိုက်ချန်ထားနေကြသည်။

' ကျမ ကို တာဝါ လည်း လိုက်ပို့အုံးနော်။ ပြီးရင် လက်ဆောင် ဝယ်သွားဖို့လည်း နာမည်ကြီး အိတ် တွေ ရောင်းတဲ့ နေရာ လိုက်ပို့ပေး။'

' အေးပါ ...။ ငါ့ကို လာပြောတော့ ငါက ဘာသိမှာလဲ? ကား မောင်းတဲ့ ကောင်လေး ကို ပြောပြီးသားပဲ။ ငါတို့ မသွားရသေးတဲ့ နေရာတွေ သူ အကုန် လိုက်ပို့ပေးလိမ့်မယ်။'

' သူ လိုက်ပို့မှာက လည်စရာ ပတ်စရာ နဲ့ စားဖို့ သောက်ဖို့ နေရာပဲ လိုက်ပို့မှာလေ။ ကျမ လက်ဆောင်တွေ ဝယ်ဖို့ ရှင်က မပြောပေးရင် သူက ဘယ်လို လိုက်ပို့မှာလဲ?.'

ဝမ် သခင်ကြီး လည် ရ ပတ် ရ နေပြီကို လာပြီး အရစ်ရှည်ချင်နေတဲ့ သူ့ မိန်းမကြောင့် သူ လည်ချင်နေတဲ့ ဖီလင် မပျောက်ခင် ခေါင်းကို အမြန်ညိတ်ပြလိုက်သည်။

' အေးပါ ... အေးပါ။ ပြီးရင် ငါ သူ့ကို ပြောလိုက်မယ် ဟုတ်ပြီလား ...။
အခုက ဘာလုပ်မှာလဲ? ပုံက ရိုက်အုံးမှာလား ?.'

အဲ့တော့မှ ဝမ် သခင်မကြီး သူမ ဓာတ်ပုံ ရိုက်နေတယ်ဆိုတာကို သတိရသွားပြီး ခေါင်းပေါ် ပင့်တင်ထားတဲ့ နေကာ မျက်မှန်ကို ပြန်ချ၊ ပုခုံးမှာ ခြုံထားတဲ့ ပုဝါ ကို သေချာ ပြင်ရင်း ပိုစ့်ပေးဖို့ သခင်ကြီး အနားက ခွါလိုက်သည်။

' ကျမ ကို လှလှ လေး ရိုက်ပေးနော် ...။'

' မင်း သာ လှအောင် နေ ...။'

ဝမ် သခင်မကြီး သခင်ကြီးရဲ့ စကားကြောင့် နှုတ်ခမ်း မစူအားတော့ပဲ ပုံထွက်လှအောင် ကြိုးစား ပမ်းစား ပိုစ့်ပေးပါတော့သည်။

~~~~~~~~~~

လှပတဲ့ အရာရာတိုင်းရဲ့ နောက်ကွယ်မှာ ကြီးကြီး သေးသေး အန္တာရာယ်တွေလည်း ရှိနေတတ်ပါသေးတယ်။

ကျောက်ဆောင်ကြီးကို မဖြိုရက်လို့ ကား လမ်းကို ပတ်ပြီး ဖောက်ထားလိုက်တယ်။ နိုင်ငံခြား ဆိုသည့်အတိုင်း လမ်း ကတော့ ၄ လမ်း သွား ပေါ့။

ကျောက်ဆောင်ကြီး ရှိတယ် ဆိုတာကလည်း ရေ လည်း ရှိနေလို့ပါ။ အခုလည်း ကား လမ်းပေါ်မှာ ရပ်ပြီး အောက်ကို ငုံ့ကြည့်ရင် အောက်မှာ ရေစီးနေတဲ့ မြစ်ကြီး ရှိနေတယ်။ ရေစီးနေသည်ဆိုသည့်အတိုင်း ဘယ်အတိုင်းတာလောက်၊ ဘယ်နေရာထိ စီးနေတယ်ဆိုတာ မြို့ခံတွေမှ မဟုတ်ရင် မသိနိုင်လောက်ပါ။

What's wrong? ( Completed )Where stories live. Discover now