Ep - 28

351 27 2
                                    

မနက်ခင်း အလင်းရောင် စတင် ပေါ်ထွက်လာနေပြီဆိုပေမယ့် အလုပ် သွားစရာ မလိုတဲ့ လူတွေ အတွက်ကတော့ အိပ်ယာထဲ နှပ်လို့ ကောင်းနေတုန်း ရှိသေးတယ်။

အောက်ထပ်မှာတော့ အိမ် အကူလည်း မထား၊ အမျိုးသမီးလည်း မရှိတဲ့ အိမ် တစ်အိမ် အတွက်ကတော့ ယောကျာ်းသားတွေကပဲ တစ်အိမ်လုံးစာကို ချက်ပြုတ်ပေးနေရတာ ဖြစ်သည်။

ဟုန်လုံ မနေ့က အမှားလုပ်ထားတာ ဖြစ်တာကြောင့်ရော ည က လည်း အိပ်လို့ မပျော်ပဲ အစောကြီး နိုးနေတာ ဖြစ်တာကြောင့် အခုလို မနက်စာ ကို ဘယ်သူမှ မနိုးခင် အဆင်သင့် ဖြစ်အောင် ပြင်ထားနိုင်တာ။

ဟော်ရှင်း ကျောင်းသွားဖို့ ပြင်ဆင်ပြီး အောက်ဆင်းလာတော့ ထမင်းစား ခန်းထဲက စားပွဲဝိုင်းနဲ့ ထမင်းဟင်းချက်တဲ့ ဘေစင် နဲ့ ကူးလူးပြီး ပန်းကန်တွေ လိုက်ချနေတဲ့ ဟုန်လုံ ဦးလေးကို တွေ့လိုက်ရတာကြောင့် ကျောပိုးအိတ်ကို ပစ်ပြီး သွားကူဖို့ လုပ်သည်။

' ဟုန်လုံဦးလေး ပေး ... ကျနော် ကူသယ် ပေးမယ်။'

ဟုန်လုံ သူ့ လက်ထဲက ပန်းကန် ကို ယူပြီး စားပွဲမှာ သွားချပေးနေတဲ့ ဟော်ရှင်း ကို ကြည့်နေရင်း မနေ့က သူ ဘယ်လိုလုပ် ဒီကလေးကို တစ်ခြား သူစိမ်းနဲ့ စိတ်ချနိုင်လိုက်တာလဲ ဆိုတာ ပြန်တွေးမိပြီး ပိုလို့ စိတ်မကောင်း ဖြစ်လာသည်။

ထိုစဉ် ...

' ဒင်း ... ဒင် ...'

' ဒင်း ... ဒင် ...'

' ဒင်း ...........။'

ရုတ်တရက်ကြီး ဆက်တိုက်မြည်လာတဲ့ အိမ် ရဲ့ ဘဲလ် တီး သံကြောင့် နှစ်ယောက်လုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိသွားကြသည်။

တံခါး ဖွင့်ပေးခံ မရသေးတဲ့ အပြင်က ဧည့်သည်ကလည်း သေရေး ရှင်ရေး လို ဘဲလ် ကို အငြိုးနဲ့ ထပ် တီးပါတယ်။

' ဒင်း ... ဒင် ...'

' ဒင်း ... ဒင် ...'

' အစောကြီး ဘယ်သူမို့ တံခါး ဘဲလ် အဲ့လောက် တီး နေတာလဲ ...။'

ဟုန်လုန် ခေါင်းတစ်ချက် ခါလိုက်ပြီး...။ သူလည်း မသိဘူး ဆိုတဲ့ သဘော ...။

What's wrong? ( Completed )Where stories live. Discover now