Part 11

185 15 2
                                    

ကျောင်းဆင်းချိန်ထက် စောရောက်လာသည်ကြောင့် ဂျီအွန်းကျောင်းရှေ့တွင် ရပ်စောင့်နေလိုက်သည်။ဆယ့်ငါးမိနစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ ကျောင်းဆင်းပြီဖြစ်ကာ ကျောင်းဂိတ်ဝတွင် ကျောင်းသား/ကျောင်းသူ အသီးသီးဖြင့် ပြည့်နေတော့သည်။

ကျောင်းရှေ့တွင် ကားကိုမှီကာ ရပ်နေသည့်ပုံစံကပင် ကြည့်ကောင်းနေသည့် ရုပ်ချောချောအစ်ကိုကြီးကို ကျောင်းသူလေးများက ကွက်ကြည့်ကွက်ကြည့်လုပ်ကာ တစ်ချို့ကလည်း သမင်လည်ပြန်လှည့်ကြည့်သွားကြသည်။ ဂျီအွန်း ထွက်လာသည့် ကျောင်းသားတွေကြားထဲ မက်သရူးကို လိုက်ရှာမိတော့ သူ့ကိုမမြင်ပဲ သူငယ်ချင်းတွေနဲ့စကားပြောရင်း စနောက်နေသည့်ကောင်လေးကြောင့် မက်သရူးဆီကိုသာလျှောက်သွားလိုက်သည်။
.
.
" ကလေးတို့မနက်ဖြန်တွေ့ကြမယ် "

မက်သရူးပုခုံးကိုဖက်ထားရင်း ခဲအိတကပြောလာသည်။

" ကင်မ်ဂယူဘင်း နောက်ကျရင်ထားခဲ့မှာနော် "

" စိတ်ချစမ်းပါ မင်း Crush ကြီးထက်စောရောက်စေရမယ် "

" အာကျယ်နေပြန်ပြီ "

" သွားပြီ မနက်ဖြန်တွေ့မယ် "

ယူဂျင်းပုခုံးကိုဖက်ကာ လက်ပြရင်းထွက်သွားတော့သည်။ဂျီအွန်းနှင့်တွေ့တော့ နှုတ်ဆက်ကာ လှည့်ကြည့်လှည့်ကြည့်ဖြင့် လျှောက်သွားကြ၏။

" ဟိုမှာ မင်းရဲ့ဟျောင်းလာပြီ "

" ငါ့ရဲ့ဟျောင်းမဟုတ်ပါဘူးဆို "

" မက်သရူး ငါသွားပြီ မနက်ဖြန်တွေ့မယ် "

" အင်း ဂွန်းနုဂီ မနက်ဖြန်တွေ့မယ်"

ခဲအိတအပြောကိုပြန်ဖြေရင်း ဂွန်းဝုကိုလည်းနှုတ်ဆက်လိုက်သည်။

" ဂျီအွန်းဟျောင်းရောက်ပြီဆိုတော့ ကျွန်တော် မက်သရူးကို စိတ်ချထားခဲ့ပြီ "

" အင်းရတယ် အတူစောင့်ပေးတာကျေးဇူးနော် အိတ "

" ရပါတယ် ကျွန်တော်သွားပြီ မက်သရူးရား ငါသွားပြီ ဂျီအွန်းဟျောင်းကို ဒုက္ခပေးမနေနဲ့နော် "

" ရားး သွားစရာရှိတာသွားတော့ "

" အင်းသွားပြီ မနက်ဖြန်တွေ့မယ် "

Our Lovely Boy Where stories live. Discover now