" ရား ဆော့မက်သရူး ! အကောင်းကြီးရှိသေးတာပဲ "
အခန်းထဲဝင်လာသည်နှင့် ဂယူဘင်းရဲ့ အသံကဆီးကြိုသည်။
" အကောင်းကြီးပဲလေ ဘာဖြစ်ရမှာလဲ ? "
မက်သရူးနေရာမှာ ကျောပိုးအိတ်ကိုချကာဝင်ထိုင်လိုက်သည်။
" မင်း နေမကောင်းမဖြစ်ဘူးလား "
" မဖြစ်ပါဘူး ဘာလို့အဲ့လိုဖြစ်ရမှာလဲ "
" မင်းသောကြာနေ့တုန်းကမိုးမိတယ်မဟုတ်ဘူးလား "
ဂယူဘင်းပြောလာသည်ကိုကြားသည်နှင့် မက်သရူးသဘောပေါက်လိုက်သည်။ မိမိကို မိုးရေထဲပြန်ကာ နေမကောင်းဖြစ်နေမည်အထင်နှင့်ပြောနေခြင်းပင် ။ ဂျီအွန်းဟျောင်းနှင့်ပြန်တာ သူတို့မှမသိပဲကိုး ။
" အေး ငါလည်းဖျားမယ်ထင်ထားတာ ဒီတစ်ခါတော့ ဘာမှမဖြစ်ဘူးအေးဆေးပဲ နတ်မင်းတွေက မ စ ထားတယ်ထင်တယ် "
ဘာမှမသိသည့် ဂယူဘင်းကိုစချင်သည်မို့ တမင်ပြောလိုက်သည်။
" တော်စမ်းပါ မဖြစ်နိုင်တာတွေ "
ဂယူဘင်းကပြောကာ ထိုင်ခုံကိုမှီလျက် စဉ်းစားနေလေသည်။
" မက်သရူးရား ထီးအတွက် ကျေးဇူးပဲ "
ဂွန်းနုဂီက မက်သရူးကို ထီးပြန်ပေးကာပြောလာခြင်းပင် ။
" ရပါတယ် "
" နေပါဦး ဒီထီးက ? "
ဂွန်းဝုလာပေးသည့် ထီးကိုမြင်သဖြင့် ဂယူဘင်းကမေးလာသည် ။
" ငါ့ထီးလေ "
" အေး မင်းထီးတော့သိတာပေါ့ ဘယ်ကဘယ်လို ဂွန်းဝုဆီရောက်နေတာတုန်း "
" အာ အဲ့တာလား သောကြာနေ့က ငါမိုးရေထဲပြေးနေရမှာစိုးလို့ဆိုပြီး ငှားပေးလိုက်တာလေ အဲ့တာကြောင့် အခုပြန်ပေးတာ "
ဂယူဘင်းအမေးကို ဂွန်းဝုကပင်ပြန်ဖြေလိုက်သည်။
ဂွန်းဝုဖြေလာသည့်အဖြေကြောင့် ဂယူဘင်းမှာ စိတ်ရှုပ်ကာ မက်သရူးက ပြုံးစိစိဖြစ်နေလေသည်။
" ငါ မှတ်မိတာတော့ မက်သရူးထီးမပါဘူးဆိုပြီး မိုးရေထဲပြန်တာမဟုတ်ဘူးလား ဟုတ်ပါတယ် အဲ့နေ့က မင်းထီးမပါဘူးဆိုတာ ငါသေချာမှတ်မိတယ် "
YOU ARE READING
Our Lovely Boy
Romanceချစ်ခြင်းမေတ္တာခြင်းမတူပေမယ့်ချစ်တယ်... (ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာအားလုံးသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။)