Part 10

289 19 2
                                    

ဒီနေ့လည်းရာသီဥတုက ထုံးစံအတိုင်းပင် ။
တိမ်ကင်းစင်လို့ ကောင်းကင်ကြီးဟာပြာလဲ့လဲ့ ။ ဟန်ဘင်းတစ်‌ယောက် ကျောင်းဝန်းထဲရှိ အရိပ်ရအပင်ကြီးအောက်က ခုံတွင်ထိုင်ရင်း လေတိုက်တိုင်းရွှေရောင်တလက်လက် ထနေသည့် ကန်ရေပြင်ကိုငေးကြည့်နေမိသည် ။

ကန်ဘောင်တစ်ဖက်ခြမ်းသည်တော့ အချစ်ငှက်များတည်ရှိနေရာ ပန်းနုရောင်ကမ္ဘာငယ်ဖြစ်နေလေသည် ။ ဘာရယ်မဟုတ် ဟန်ဘင်းတွေးမိနေသည် ။ ငယ်စဉ်ကတည်းက ရုပ်ရည်နှင့်ပတ်သတ်လျှင်အမြဲချီးမွမ်းခံရပြီး သူငယ်ချင်း မိတ်ဆွေများကြားတွင်လည်း နာမည်ကြီးသူဖြစ်သည်။

ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီး လူတိုင်းအမြင်တွင် အရာရာပြည့်စုံနေသည်ဟု
ထင်ရသည့်သူက လိုအပ်နေသည့်အရာရှိနေ
သေးသည်။ထိုအရာကား သူ့အပေါ်နွေးထွေးမှုအပြည့်နှင့် ချစ်ခြင်းမေတ္တာတွေပေးနိုင်မည့်
တစ်စုံတစ်ယောက်ပင် ။ ငယ်စဉ်ကတည်းက
သူ့အနားကပ်ကာ ရင်းနှီးကျွမ်းဝင်ချင်သည့်သူမှာ တစ်ယောက်၊နှစ်ယောက်မကပေ ။

မိသားစုမှာပြည့်စုံသည့်အပြင် ရုပ်ရည်မှာလည်းချောမောသည်ကြောင့် စိတ်ထားအမှန်နှင့်ရင်းနှီးချင်သည်ထက် သူ့အပေါ်အယောင်ဆောင်ရင်းနှီးမှုဖြင့် အမြတ်လိုချင်ကြခြင်းသာဖြစ်သည် ။ ထိုအကြောင်းပြချက်
တွေကြောင့် ငယ်စဉ်ကတည်းက သူငယ်ချင်းအရင်းဟူ၍ ယွန်းဂျုံဝူး တစ်ယောက်သာရှိသည်။

ကင်မ်ဂျီအွန်းသည်တော့ သူ၏ဒုတိယမြောက်သူငယ်ချင်းပင် ။ ဂျီအွန်းနှင့် ရင်းနှီးတာမကြာသေးပေမယ့် သူငယ်ချင်းအရင်းအခြာတစ်ယောက်လို ဟန်ဘင်းခံစားမိသည်။ တခြားသူတွေလို အယောင်ဆောင် အမြတ်လို၍ ပေါင်းခြင်းမဟုတ်ပဲ အမှန်တကယ်ခင်မင်မှု အပြည့်ဖြင့်သူ့အပေါ် ဆက်ဆံခြင်းဖြစ်သည်။ ဤသည်ကြောင့်လည်း ဂျုံဝူးအပြင် ဂျီအွန်းအပေါ်‌တွင်လည်း ရင်းရင်းနှီးနှီးဖြင့် အသေအချာပေါင်းသင်းမိခြင်းပင် ။

သူများတွေလို သူငယ်ချင်းအများကြီးရှိပြီး အယောင်အဆောင်လူမှုဆက်ဆံရေးနယ်ပယ်မကျယ်ပေမယ့် ရှိသည့် သူငယ်ချင်းနှစ်ယောက်နှင့်ညီလေးတွေကြောင့် ဟန်ဘင်းကမ္ဘာမှာသေးငယ်သော်လည်း ပျော်ရွှင်စရာအပြည့်နှင့်စိတ်ချမ်းသာစရာချည်းသာ။

Our Lovely Boy Where stories live. Discover now