တစ်နာရီခန့်ကြာပြီးသည့်နောက်တွင်ရုပ်ရှင်မှာပြီးသွားပြီဖြစ်သည်။ကိုယ်စီကိုယ်စီ ပြန်ဖို့ပြင်နေသည့်လူတွေကြား မက်သရူးတို့တစ်ဖွဲ့သာဆက်ထိုင်နေဖြစ်ကြသည်။
" အားး နောက်ဆုံးတော့ပြီးသွားပြီပဲ "
ဂွန်းဝုကအပျင်းဆန့်ရင်းပြောလိုက်တော့
" ဟုတ်ပ ရယ်ရတာဗိုက်တောင်အောင့်တယ်"
ပတ်ဟန်ဘင်းကလည်းဝင်ပြောသည်။
" ဟင် ရုပ်ရှင်ကရယ်ရပေမယ့် အဲ့လောက်ထိတော့မဟုတ်ဘူးထင်တယ် "
ဟန်ဘင်းကပြောတော့ ပတ်ဟန်ဘင်းက
" ရုပ်ရှင်ဘယ်ဟုတ်မလဲဟန်ဘင်းရဲ့ ကိုယ်တို့ဘေးကနှစ်ယောက်ကရယ်နေရတာ "
ပတ်ဟန်ဘင်းကပြောတော့ ဂယူဘင်းမ်ကောဂျုံဝူးကော မျက်နှာတွေနီရဲနေတော့သည်။ထိုအခါမှ ဟန်ဘင်းကသဘောပေါက်ပြီးထရယ်တော့သည်။
" ဟုတ်ပြီ ဟုတ်ပြီ အဲ့လိုကိုး "
ပြောပြောပြီးရယ်နေကြသည်ကြောင့်
" သွားကြမယ်လေ ဘာထိုင်လုပ်နေကြတာတုန်း "
ဂျုံဝူးကပြောကာ ကျော်ခွထွက်နေသည်ကြောင့် ဂယူကလည်း
" ဟုတ်တယ် သွားကြမယ်လေ "
ဆိုကာ ခပ်တည်တည်ဖြင့် ထကာထွက်သွားလေသည်။ဂယူတို့နှစ်ယောက်ကိုကြည့်ကာ အားလုံးက ရယ်နေကြတော့သည်။
" လာ လူလည်းရှင်းပြီ ထွက်ကြရအောင် "
ဆိုကာ ဟန်ဘင်းက မက်သရူးလက်ကိုဆွဲကာနေရာမှထွက်လာလိုက်တော့သည်။ရုပ်ရှင်ရုံအပြင်ဘက်ကိုရောက်တော့ နောက်တစ်နေရာထပ်သွားဖို့တာဆူနေကြလေပြီ။
" ဟျောင်းတို့ပြန်တော့မှာလား "
ဟန်ဘင်းကပင် ကျန်းဟောင့်တို့ကိုဦးဆောင်ကာမေးလိုက်သည်။
" အင်း ဘယ်မှထပ်သွားဖို့အစီအစဉ်မရှိတော့ ပြန်ကြတော့မလားလို့ "
ဟန်ဘင်းရဲ့အမေးကို ကျန်းဟောက်ကအဖြေပြန်ပေးလိုက်သည်။
" အင်း အဆင်ပြေမယ်ဆို ကျွန်တော်တို့နဲ့လိုက်ခဲ့လို့ရတယ်နော် ကျွန်တော်တို့က ဟန်မြစ်ညဈေးလျှောက်သွားကြဦးမှာ "
YOU ARE READING
Our Lovely Boy
Fanfictionချစ်ခြင်းမေတ္တာခြင်းမတူပေမယ့်ချစ်တယ်... (ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာအားလုံးသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။)