ကတ္တီပါစအနက်ရောင်ပေါ်မှာအဖြူရောင်ဆေးစက်တွေကျဲထားသလို ကောင်းကင်ပြင်ဟာကြယ်တွေနဲ့ပြည့်လို့... တည်ရှိနေတဲ့နေရာကနေလှမ်းကြည့်လိုက်ရင် ဆိုးလ်မြို့ရဲ့တိုက်တာအဆောက်အအုံတွေ ရပ်ကွက်တွေဆီက တွေ့ရတဲ့မီးရောင်တွေဟာလည်း ကောင်းကင်ပြင်ကကြယ်တွေအလား လင်းလက်လို့... တိုက်ခတ်နေတဲ့ညလေအေးတွေကြားထွက်ပေါ်လာတဲ့အသံတစ်ခု ။ တိုးညှင်းပေမယ့် နီးကပ်စွာတည်ရှိနေသူအဖို့ ကောင်းစွာကြားနိုင်တဲ့ကြိမ်နှုန်းနဲ့...
" Hyung..."
ညလေညှင်းတွေဟာဆက်လက်တိုက်ခတ်နေသလို မြို့ပြဟာလည်းငြိမ်သက်လို့ ။ မျှော်လင့်ချက်အပြည့်နဲ့ခေါ်သံဟာထွက်ပေါ်လာပေမယ့် နားထောင်သူဆီကမည်သည့်အသံမျှမကြားရ ။
" Hyung ...ချစ်တယ် "
ဒီတစ်ကြိမ်မှာတော့ မျှော်လင့်ချက်တွေနဲ့အသံလေးဟာ ချစ်တယ်ဆိုတဲ့စကားအရောက် ပိုတိုးလို့ဖျော့သွားလေရဲ့ ...။
.
.
.
.မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးကြား ကျေးငှက်တွေရဲ့အသံနဲ့အတူ မြို့ပြရဲ့ရှုခင်းဟာလည်း အသက်ဝင်လို့ ။ လမ်းမတွေပေါ်မှာလည်း ရည်ရွယ်ရာပန်းတိုင်ဆီလျှောက်လမ်းနေကြတဲ့လူတွေဟာ အပြည့်။ဆိုလ်းမြို့ရပ်ကွက်တစ်ခုရဲ့ အိမ်အတွင်းမှာတော့
" Matthew !! ဆင်းမလာသေးဘူးလား စောစောစီးစီးနှိုးထားတာတောင် နောက်ကျနေသေးတာလား ရားးမြန်မြန်မလာဘူးလား"
" လာပါပြီ ! Noona ရဲ့ အခုပဲဆင်းလာနေပြီကို "
အသဲအသန်အော်ပြောလျက်လှေကားကနေဝုန်းဒိုင်းပြေးဆင်းလာသူမှာ ဆော့မက်သရူး ပင်ဖြစ်သည် ။
" ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဦး ဝတ်ထားတာလည်းမသပ်မရပ်နဲ့ လွယ်အိတ်ကလည်းဖရိုဖရဲ ဒါကျောင်းသွားမယ့်ပုံစံလား ! "
ဘာမှမပြော သူ၏မူပိုင်အပြုံးတစ်ပွင့်ဖြင့်အစ်မဖြစ်သူအားအချိုသတ်နေလေ၏။
" ဟဲ ဟဲ Noona ကလည်း "
ပြောလည်းပြောလက်ကလည်း ဝတ်စုံအားဆွဲချ ခါချလိုက်ဖြင့် အမြန်ပြန်ပြင်ရ၏။
မဟုတ်လျှင် မနက်စာမစားခင် အစ်မဖြစ်သူ၏လက်ဝါးဇောင်းအားအရင်စားရလိမ့်မည်။
YOU ARE READING
Our Lovely Boy
Fanfictionချစ်ခြင်းမေတ္တာခြင်းမတူပေမယ့်ချစ်တယ်... (ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာအားလုံးသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။)