Part 7

297 34 0
                                    

တစ်နေကုန်အခန်းကျဉ်းထဲ ခေါင်းရှုပ်လောက်အောင်သင်နေရသောစာတွေကြောင့် အခန်းထဲမှ ထွက်ပြေးချင်နေပြီဖြစ်သည်။

နောက်ဆုံးအတန်းချိန်ဖြစ်သည့်အပြင် အတန်းပိုင်ဆရာမရဲ့အချိန်မို့ တစ်ခန်းလုံးကနားချိန်ပေးပါရန် ဆရာမကိုချွဲပြဂျီကျ‌နေ တော့သည်။ စာသင်ချိန်လည်းသိပ်မကျန်တော့သည်မို့ သဘောကောင်းသည့်ဆရာမက
ဆူညံမနေပဲ တိတ်တိတ်နေလျှင် စာဆက်မသင်တော့ဟု ဆိုလာ‌လေသည်။

အကုန်လုံးကခေါင်းတွေကို အသည်းအသန်
ငြှိမ့်ပြကာ တိုးတိုးတိတ်တိတ်နေမည်ဖြစ်ကြောင်း ပြလေသည်။ဆရာမလည်း စကားပြောချင်‌တိုးတိုးပြောဟုမှာကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

အကုန်လုံးပစ္စည်းများသိမ်းကာလွတ်လွတ်လပ်လပ် စကားပြောကာ အနားယူနေကြလေသည်။ မက်သရူးကတော့ပြတင်းပေါက်ကလှမ်းမြင်နေရသည့် မိုးရေစက်တွေကိုကြည့်ရင်းသာ ကျောင်းဆင်းမည့်အချိန်ကိုရေတွက်နေမိသည်။

" အပြင်မှာမိုးရွာနေတာ မက်သရူး မင်း
ထီးပါရဲ့လား "

" မပါဘူး "

အနောက်ခုံကနေ ထီးပါလား မေးနေသည့်
ဂယူဘင်းကြောင့် မက်သရူးငေးနေရာမှ လှည့်ကာ အ‌ဖြေပြန်ပေးလိုက်သည်။

" အဲ့တာဆို ဘယ်လိုပြန်မှာလဲ "

" မင်းနဲ့ပြန်မယ်လေ မင်းထီးပါတယ်မလား "

" မပါဘူး ငါ‌တောင် အချစ်နဲ့ကပ်ဆောင်းမှာ "

ဂယူဘင်းကပြောကာ ယူဂျင်းပခုံးကိုလှမ်းဖက်လေသည်။

" ဘယ်သူကအတူဆောင်းမယ်ပြောလဲ "

ယူဂျင်းက ဖက်ထားသည့် ဂယူဘင်းလက်ကို ပုတ်ချလေသည်။

" အချစ်ကလည်း ကိုယ်ထီးမပါလို့ပါ အတူဆောင်းမယ်လေ နော် နော် "

ဂယူဘင်းကယူဂျင်းရင်ခွင်ထဲခေါင်းတိုးကာ ချွဲပြနေလေသည်။

" ဂလန်ဂလားအရပ်နဲ့မှမလိုက် မထော်မနန်းတွေလုပ်နေပြန်ပြီ ဂယူဘင်းငြိမ်ငြိမ်နေစမ်း "

ဟုဆိုကာ အခန်းထဲဝင်လာသည့်အိတက
ယူဂျင်းရင်ခွင်ထဲရောက်နေသည့် ဂယူဘင်းခေါင်းကို ဆွဲကာပြန်ထူလေသည်။ထိုအခါမှ ကိုယ်ကိုမတ်ကာ ပုံမှန်အတိုင်းပြန်ထိုင်‌တော့ သည်။

Our Lovely Boy Unde poveștirile trăiesc. Descoperă acum