ထိုစာထဲတွင် ဆောင်ဟွန်း ထိုတောင်ပေါ်တွင် သူ့စွမ်းအားတွေ ပိုကောင်းလာဖို့အတွက် ကျင့်ကြံမည်ဖြစ်ပြီး အချိန်အကန့်အသန့်မရှိကြောင်း၊ သူ့ကိုစိတ်မပူဖို့ရန်နှင့် အိမ်ရှေ့စံနဲ့ပက်သက်သည့် သတင်းတစ်ခုခုကြားရလျှင်တော့ ချက်ချင်းအကြောင်းကြားပေးရန် ရေးထားလေသည်။
စာကိုရပြီးသည့်တိုင် ဆောင်ဟွန်း ထိုတောင်ပေါ်မှာ ကြာကြာမနေနိုင်လို့ထင်ခဲ့သော်လည်း ဟွန်းလေးရဲ့ ခေါင်းမာရင်အဆုံးထိခေါင်းမာတဲ့အကျင့်ကိုမေ့နေလေသည်။ အခုတော့ ထိုတောင်ပေါ်မှာ တစ်ယောက်ထဲနေနေတာ ၇ရက်မျှပင် ရှိနေလေပြီ။
အိမ်ရှေ့စံရဲ့သတင်းကတော့ ဘာအစအနမှပင်မကြားရချေ။
"ချယ်ချယ် မြို့ထဲကိုသွားပြီး ဟွန်းလေးအတွက် လိုအပ်တာတွေဝယ်ရအောင်~ ဘယ်လိုပဲ ရေခဲစွမ်းအင်နဲ့သူမလို့ အအေးဒဏ်ကို ခံနိုင်တယ်ဆိုဆို အနွေးထည်နဲ့ စောင်တွေကလိုကိုလိုအပ်တယ် အဲ့ဒီတောင်ပေါ်မှာရှိတာလေးနဲ့ လောက်မှာမဟုတ်ဘူး"
"ဟုတ် မမဂျီရာ"
ချယ်ချယ်နဲ့လိုအပ်တာတွေဝယ်ပြီးနောက် ဝါးရုံတောဆီသို့အပြန်တွင် သူတို့နောက်မှ တစ်ယောက်ယောက်လိုက်လာကြောင်း ဂျီရာသတိထားမိလေသည်။
ဘယ်သူဆိုတာကို ခန့်မှန်းမိပြီးနောက် ချယ်ချယ်ကို အရင်ပြန်နှင့်ရန်ပြောပြီး သူကတော့ နေခဲ့လိုက်လေသည်။
"ဘယ်သူလဲဆိုတာ သိပြီးသားမလို့ ထွက်လာခဲ့ပါ"
ဂျီရာ့စကားအဆုံး သစ်ပင်အကွယ်မှ လူတစ်ယောက်ထွက်လာလေသည်။
မီးခိုးရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး မျက်နှာတစ်ဝက်ကို ပုဝါပါးလေးတစ်ထည်ဖြင့်ဖုံးအုပ်ထားသော ဂျီရာနှင့် တစ်ထေရာတည်းတူသည့် မီရာပင်။
"မတွေ့တာကြာပြီနော် ဂျီရာ~ ဒီအတောအတွင်း အဆင်ပြေရဲ့လား~"
သူတို့နှစ်ယောက်ဟာ နာရီပိုင်းပဲ ကွာတဲ့ညီအစ်မတွေဖြစ်သော်လည်း ဂျီရာ ရိုသေသမှုနဲ့ အစ်မဖြစ်သူမီရာကို ခေါင်းတစ်ချက်ငုံ့ကာ အရိုအသေပေးလိုက်လေသည်။
"အဆင်ပြေပါတယ် မမမီရာလည်း နေကောင်းတယ်မလား"
"အင်း ကောင်းပါတယ်"
YOU ARE READING
Rewrite The Stars
Fanfictionငါတို့သုံးယောက် ဘယ်အချိန်ကစပြီးမှားနေခဲ့ကြတာလဲ~ အရင်အချိန်တွေကိုပြန်လိုချင်မိတယ်~ ဘာအပူအပင် ဘာအမုန်းတရားမှမရှိခဲ့တဲ့ ဟိုးအရင်အချိန်တွေကို ပြန်လိုချင်တယ်~