Chapter 3- S အဆင့်အယ်လ်ဖာ

Começar do início
                                    

ရွမ်ရှောင်းသည်မြို့ပြကြီးပေါ်မှာအောင်မြင်နေသင့်သည့်ဖုန့်ကျန့်ကဘာ‌ကြောင့်ဒီဝေးလံခေါင်သီတဲ့မြို့ငယ်လေးဆီမှာရုတ်တရက်ပေါ်လာတာလဲဆိုတာကိုမသိချင်ခဲ့ဘူး။မတော်တဆမှုဖြစ်တဲ့အချိန်မှာဘာကြောင့်သူ့ကိုယ်ရေးအချက်အလက်စာရွက်ကိုကိုင်ထားရလဲဆိုတာကိုလည်းအများကြီးတွေးတောမနေခဲ့ဘူး။သူ့အတွက်‌တော့ဖုန့်ကျန့်ရောက်ရှိလာခြင်းဟာအသေးအဖွဲ့ကိစ္စဟုတ်မနေဘူး။လက်ရှိအချိန်မှာဖုန့်ကျန့်ကိုပြန်ပို့ဖို့ပဲအာရုံရောက်နေခဲ့ပြီးတခြားအကြောင်းအရာတွေကိုစဉ်းစားဖို့အချိန်ရှိမနေခဲ့ပေ။

ဖုန့်ကျန့်သည်ထိုအချိန်တွင်သူ့နောက်တွင်ကျန်နေခဲ့ပြီးနှုတ်ခမ်းများကိုတင်းတင်းကြပ်ကြပ်ဖိကာသူ့အားအကူအညီမဲ့နေသောမျက်ဝန်းများဖြင့်ကြောက်လန့်တကြားကြည့်နေသည်မှာစွန့်ပစ်ခံအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်နှင့်ပင်တူသေးသည်။

ရွမ်ရှောင်းက ကားကိုဖြည်းညင်းစွာမောင်းသွားလိုက်ပြီးအနှီလူ၏သနားဖွယ်သွင်ပြင်ကြောင့်အရူးလုပ်မခံရစေရန်ကိုယ့်ကိုယ်ကိုသတိပေးလိုက်သည်။နှစ်ပေါင်းများစွာပြိုင်ဘက်ဖြစ်ခဲ့ဖူးသူတစ်ယောက်အနေနှင့်အနှီလူ၏ချောမောခန့်ညားသောမျက်နှာဖုံးအောက်တွင်ဖုံးကွယ်ထားသောရက်စက်ကြမ်းကြုတ်မှုများနှင့်ယုတ်မာမှုများကိုကောင်းစွာသိရှိထားပြီးသားဖြစ်သည်။Sအဆင့်အယ်လ်ဖာ‌တွေဟာသူတို့ရဲ့လွှမ်းမိုးချုပ်ကိုင်လိုပြီးထိန်းချုပ်မခံတဲ့သဘာဝအရလူ့အဖွဲ့အစည်းရဲ့ထိပ်ဆုံးမှာရပ်တည်နေကြသူတွေဖြစ်တယ်။သူတို့မှာအကြွင်းမဲ့အာဏာနှင့်သူတစ်ပါးထိန်းချုပ်လိုစိတ်အပြည့်ရှိသည်။သူတို့ရဲ့ဖယ်ရိုမုန်းတွေဟာသာမန်လူတစ်ယောက်ရဲ့စိတ်ကိုရူးသွပ်လုနီးပါးအလွယ်တကူပျက်စီးသွားစေနိုင်တယ်။

သူ့လိုလူတစ်ယောက်နဲ့ထိပ်တိုက်တွေ့တာဟာချောက်ကမ်းပါးကိုခုန်ဆင်းတာနဲ့တူကြောင်းကိုလွန်ခဲ့တဲ့သုံးနှစ်တည်းကရွမ်ရှောင်းကိုယ်တိုင်ခံစားခဲ့ဖူးပြီးပြီ။ဒါကြောင့်အမှားတစ်ခုတည်းကိုထပ်ခါတလဲလဲလုပ်ဖို့သူ့မှာရည်ရွယ်ချက်မရှိဘူး။

Dog Training (mm-translation)Onde histórias criam vida. Descubra agora