Chapter 2- ရွမ်ရွမ်

Comenzar desde el principio
                                    

ရွမ်ရှောင်းကဖုန့်ကျန့်ကိုစောင့်ရှောက်ပေးနေတဲ့သူနာပြုကိုမေးမြန်းခဲ့ပြီးဖုန့်ကျန့်ကိုမတော်တဆမှုဖြစ်ပြီးနောက်ဆေးရုံကိုခေါ်လာတဲ့အခါသူနဲ့ပတ်သက်တဲ့ဘာသတင်းအချက်အလက်ကိုမှရှာမတွေ့ဘူးလို့သိလိုက်ရတယ်။သူ့လက်ထဲမှာရှိတဲ့တစ်ခုတည်းသောပစ္စည်းကအရေးကြီးဆုံးအရာလိုမျိုးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့တဲ့စာရွက်တစ်ရွက်သာဖြစ်တယ်။

သူသတိပြန်ရလာပြီးသူနာပြုကမေးလာမှပဲဖုန့်ကျန့်ကသူ့လက်ကိုလွှတ်လိုက်ပြီးသွေးစွန်းနေတဲ့စာရွက်ကိုဖွင့်ကြည့်လိုက်တယ်။အဲ့ဒါကသွေးစွန်းနေပြီးတစ်ပိုင်းတစ်စပျက်စီးနေတဲ့လူတစ်ယောက်ရဲ့အခြေခံအချက်အလက်‌တွေ‌ရေးထားတဲ့စာရွက်တစ်ရွက်ဖြစ်တယ်။စာရွက်ကပျက်စီးနေပေမယ့်အမည်နဲ့ဆက်သွယ်ရမယ့်နံပါတ်ကိုတော့ဖတ်လို့ရသေးတယ်။

ဖုန့်ကျန့်ကဦးခေါင်းဒဏ်ရာကြောင့်ယာယီမှတ်ဉာဏ်ပျောက်ဆုံးသွားပြီး 'ရွမ်ရွမ်'လို့ခေါ်တဲ့လူတစ်ယောက်ကိုသာမှတ်မိနေခဲ့တယ်။ဒီလူကသူ့အတွက်အရေးကြီးဆုံးလူလို့သူနာပြုကိုပြောပြခဲ့တယ်။ဒါကြောင့်သူနာပြုကဖုန့်ကျန့်ကိုင်ထားတဲ့စာရွက်ကအချက်အလက်တွေကိုကြည့်ပြီး 'ရွမ်ရွမ်'ဆိုတာ ရွမ်ရှောင်းကိုခေါ်တာလို့မှတ်ယူခဲ့တယ်။

နောက်ဆုံးမှာအရေးကြီးတဲ့လူတစ်ယောက်ရဲ့အချက်အလက်ကိုသာဒီလိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမယ်လို့မှတ်ယူခဲ့တာကြောင့်ဆေးရုံကရွမ်ရှောင်းကိုဖုန်းခေါ်ခဲ့တယ်။

ဘာပဲဖြစ်ဖြစ်မတော်တဆဖြစ်တဲ့သူကသူ့သူငယ်ချင်းမဟုတ်တာကြောင့်ရွမ်ရှောင်းစိတ်သက်သာရာရသွားခဲ့တယ်။သူကသက်ပြင်းချလိုက်ပြီးသူနာပြုဘက်ကိုလှည့်ကာသူနဲ့ဒီကုတင်ပေါ်ကလူနဲ့ပတ်သက်မှုမရှိကြောင်းရှင်းပြတယ်။ထို့နောက်သူကထွက်သွားဖို့ဝှီးချဲလ်ကိုလှည့်လိုက်တယ်။ဒါပေမဲ့ကုတင်ပေါ်မှာ IV dripချိတ်ထားရတဲ့ဖုန့်ကျန့်ကသူ့ကိုမြင်သွားတယ်။သူကနာကျင်မှုကိုလျစ်လျုရူပြီးကုတင်ပေါ်မှခုန်ဆင်းကာသူ့လက်မှအပ်ကိုအလျင်အမြန်ဆွဲနှုတ်လိုက်ပြီးရွမ်ရှောင်းဆီပြေးသွားလိုက်တယ်။

Dog Training (mm-translation)Donde viven las historias. Descúbrelo ahora