ဝန်ထမ်းတစ်ဦးမှာမီဖန်ထံသွားပြီးမေးခဲ့သည်။

   "ကျွန်မအဆင်ပြေပါတယ်..."

  မီဖန်သည်စုယန်ဘက်လှည့်လိုက်သည်။

  "ကျွန်မကသူ့ရဲ့ပစ်မှတ်ပဲ။ဒါကြောင့်မလို့ဒါကကျွန်မအနေနဲ့ဒီမှာနေဖို့အကြံကောင်းတစ်ခုတော့မဟုတ်ဘူးလေ။ဖြစ်နိုင်ရင် ကျွန်မတို့တွေအနာဂတ်မှာကျွန်မတို့စကားဝိုင်းကိုဆက်နိုင်ပါတယ် စာရေးဆရာစုရှင့်"

  သူမ၏အဆိုအပြီးတွင် မီဖန်သည်မြင်ကွင်းမှနေအေးစက်စွာထွက်ခွာသွားသည်။သူမမျက်နှာသည်ဘာတစ်ခုမှမဖြစ်ခဲ့သလိုတည်ငြိမ်နေသည်။

  "မင်း ခွေးမ!ပြန်လာခဲ့စမ်း!ငါမင်းကိုသတ်ပစ်မယ်!မင်းကိုသတ်မှာ"

  မီဖန်မှထွက်ခွာသွားရာ ဆယ်ကျော်သက်လေးသည်ရုန်းကန်ရင်းညည်းညူ‌ေနခဲ့သည်။သူ၏မျက်လုံးများမှာမုန်းတီးမှုဖြင့်နီရဲနေခဲ့သည်။

  "လုကျိန့်ရန်။နင်ရူးနေတာလား။နင်ကဘယ်လိုလုပ်ပြီးဒီလိုဟာမျိုးကိုလုပ်နိုင်ခဲ့ရတာလဲ"

  ရှန်ရှောက်နျူသည်အော်ဟစ်ရင်း သူမမှ'လုကျိန့်ရန်'အဖြစ်ရည်ညွှန်းထားသည့်လူငယ်အားဆက်တိုက်ထုရိုက်နေခဲ့သည်။

  ဒါကငါမျှော်လင့်ထားတဲ့အဆုံးသတ်မဟုတ်ဘူးလေ....အရာအားလုံးကငါ့ရဲ့စိတ်ကူးနဲ့အရမ်းကွာခြားနေသလိုပဲ။

  "မင်းသူ့ကိုသိတာလား ရှောက်နျူ။ဒါကမင်းအစီအစဉ်ရဲ့အစိတ်အပိုင်းလား"

  စုယန်သည်စိတ်ဆိုးတကြီးအော်လိုက်သည်။

  "စုယန်ကောကော...ကျွန်မကဒီလိုမျိုးတွေဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။သူကကျွန်မရဲ့သူငယ်ချင်းပါ။ကျေးဇူးပြုပြီးသူ့ကိုအရင်လွှတ်ပေးလို့ရမလားဟင်"

  "မရဘူး။သူကထပ်ရူးသွားရင်ဘယ်လိုလုပ်မလဲ။ရဲတွေဒီကိုရောက်မလာခင်အထိ ငါတို့တွေဒီလိုပုံစံအတိုင်းထား ထားရမယ်"

  စုယန်၏မျက်နှာသည်မည်းမှောင်နေသည်။ဤသည်မှာသူ၏ဒီလိုပုံမျိုးအားမိမိမြင်ဖူးသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။ထိုသည်ကအတော်လေးတုန်လှုပ်စရာပင်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now