Arc 4🗡48🗡အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ

Começar do início
                                    

ဟန်ရောင်၊ မုယန်ဖုန်း နှင့် အခြားသူများကလည်း လုရွှမ်အား ကြည်ညိုလေးစားသော အမူအရာများဖြင့် အဆုံးထိ ဦးညွှတ်လိုက်ကြသည်။

"ရပါတယ်... အဆင်ပြေပါတယ်!"

ဖက်တီး ထျန်ကျွင့်နမ်ရဲ့ ရယ်မောသံက ထွက်ပေါ်လာပြီး လုရွှမ်ရဲ့ မျက်လုံးတွေကို ကြယ်တွေတောက်နေသလို စိုက်ကြည့်လိုက်သည်။

"သူဌေး.... အရမ်းရက်စက်ပြီး မိုက်တယ်ဗျာ... ကျွန်တော်သာ မိန်းမဆိုရင် သူဌေးကို ချက်ချင်း လက်ထပ်ပစ်မှာ"

စကားပြော ရယ်မောရင်း လုရွှမ်အား လက်နှစ်ဖက်ကို ပွေ့ဖက်ကာ မျက်နှာပေါ်တွင် ပရောပရည်ကျသော အမူအရာဖြင့် ပွေ့ဖက်လိုက်သည်။

မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့သည် တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ပြီး ဖက်တီးကို ဘယ်ညာမှ တွန်းထုတ်ကာ လုရွှမ်၏ လက်မောင်းကို တွဲကိုင်လျက် ဒေါသတကြီး စိုက်ကြည့်နေသည်။

လှပသော အမျိုးသမီးများသည် သူရဲကောင်းများကို နှစ်သက်ကြပြီး လုရွှမ်သည် ယခုအချိန်တွင် သူရဲကောင်းများအကြား ရိုးရိုးရှင်းရှင်း ထင်းထွက်နေတဲ့ သူရဲကောင်းတစ်ဦး ဖြစ်သဖြင့် လူအများက သူ့ကို အလွန် သဘောကျကြသည်။

မိန်းမတွေရဲ့ ခံစားချက်တွေကို ခံစားလိုက်ရတော့ လုရွှမ်က အသာခေါင်းခါလိုက်ပြီး သူ့နှလုံးသားထဲမှာ ခံစားချက် အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။

အလှလေးတွေက သူ့အပေါ် ချစ်ခြင်းမေတ္တာများစွာ ရှိသော်လည်း သူ့နှလုံးသားထဲတွင် နှစ်ရှည်လများစွာ ချည်နှောင်ခံထားရတဲ့ ကြိုးတစ်​ချောင်း ရှိနေတာက သနားစရာကောင်းလှသည်။

မိုးနတ်ဘုရားဓားသည် မကြာသေးမီကမှ ပြန်လည် တွေ့ရှိလာခဲ့သော်လည်း ကျိုးသွားသော ဓားတစ်လက်သာ ဖြစ်လာခဲ့သည်။

သူမရော ဘယ်လို ဖြစ်နေမလဲ?

အရင်ဘဝက သူမအပေါ် အကြွေးတင်ခဲ့တဲ့ ကတိစကားကို ဒီဘဝမှာ ပြန်ဆပ်နိုင်ပါ့​မလား?

လုရွှမ် ခေါင်းယမ်းလိုက်ပြီး အမျိုးသမီးနှစ်ယောက်ရဲ့ လက်နှစ်ဖက်ကို ပေါ့ပေါ့ဆဆ ဆွဲထုတ်လိုက်ပြီး သူတို့ရဲ့ မကျေနပ်မှုတွေကို မမြင်ချင်ယောင် ဆောင်ထားလိုက်ပါတော့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Onde histórias criam vida. Descubra agora