"နင်..."

  သူမအသံကနေတောင်အံ့ဩမှုအားမဖုံးထားနိုင်တော့ပေ။ကယ်ဗင်၏အခြားလက်တစ်ဖက်သည် ဟုန်ရှောင်ပေ့၏အဝတ်များအားချွတ်ရင်းအလုပ်ရှုပ်နေသည်။

  "ငါ့ကိုလွှတ်"

  ရုန်းကန်နေပြီးနောက် ဟုန်ရှောင်ပေ့သည်သူမ၏လက်များလွတ်အောင်ရုန်းနိုင်ခဲ့ပြီး သူမသည်ကယ်ဗင်၏နောက်ကျောအားအဆက်မပြတ်ထုရိုက်တော့သည်။ကယ်ဗင်မှာသူမအားစနောက်နေသည်မဟုတ်သည်ကို သူမသိလိုက်ရသည်။

  ဟုန်ရှောင်ပေ့သည်အလွန်ကြောက်လန့်နေသည်။အောက်စီဂျင်ပြတ်လပ်မှုကြောင့် သူမ၏‌ဦးနှောက်သည်ကောင်းကောင်းမခွဲဖြာနိုင်တော့ပေ။သူမသည်စတင်တုန်ယင်လာသည်။ကယ်ဗင့်ထံအရှုံးပေးလိုက်တော့မည့်ချိန်တွင် သူမမှာရုတ်ချည်းခေါင်းကြည်လာသည်။စိတ်ပျက်အားငယ်နေခိုက်တွင် သူမသည်ကယ်ဗင်၏ပါးစပ်အားကိုက်လိုက်ကာ သူ့အားကုတင်ပေါ်မှနေကန်ချလိုက်သည်။

  "အ!"

  "မင်းရူးနေတာလား"

  ကယ်ဗင်သည်သူ၏နှုတ်ခမ်းများအားထိကာအော်လိုက်သည်။နှုတ်ခမ်းများမှာသွေးစို့နေလေသည်။

  "နင်ကသာရူးနေတာလေ"

  ဟုန်ရှောင်ပေ့သည်အော်လိုက်သည်။သူမသည်အိပ်ရာပေါ်မှခေါင်းအုံးတစ်လုံးအားယူလိုက်ပြီး ကယ်ဗင့်ထံပစ်ပေါက်လိုက်သည်။

  "နင်ငါ့အပေါ်ကိုဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ"

  သူတို့နှစ်ဦးသားမှာစကားတစ်ခွန်းမပြောဘဲတစ်ယောက်ကို‌တစ်ယောက်စိုက်ကြည့်နေကြသည်။တစ်ယောက်မှာကုတင်ပေါ်ထိုင်နေပြီးသူမဆံပင်များမှာရှုပ်ပွနေကာ အခြားတစ်ယောက်မှာတော့ဖရိုဖရဲအဝတ်များဖြင့်မတ်တပ်ရပ်နေသည်။

  ကြာညောင်းသောတိတ်ဆိတ်မှုအပြီးတွင် နှစ်ဦးသားမှာ သူတို့၏စိတ်မြန်လက်မြန်အမူအကျင့်မှနေတစ်ဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။ကယ်‌ဗင်သည်ဆေးသေတ္တာအားယူလိုက်ပြီး ရှောင်ပေ့အားသူမ၏မျက်နှာဘယ်ဘက်ခြမ်းပေါ်သုံးရန်ရေခဲအိတ်တစ်အိတ်ကမ်းပေးလိုက်သည်။ဟုန်ရှောင်ပေ့သည်လည်း ဂွမ်းစပေါ်အရက်ပြန်လောင်းချကာ ကယ်ဗင်၏မျက်နှာပေါ်ရှိဒဏ်ရာများအားပိုးသတ်ရန်ကူညီပေးလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now