020

302 41 6
                                    

ငယ်ငယ်တုန်းက ချွမ်ရွေ့ကို ပါးပါးကိုယ်တိုင်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ ချစ်မြတ်နိုးရတဲ့လူတွေကို အနားမှာထားရတာကအရမ်းအန္တရာယ်များတယ်တဲ့၊ ကိုယ်က သူတို့ ကို ဒါမှမဟုတ် သူတို့ကကိုယ့်ကို ထိခိုက်နာကျင်အောင်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ အရမ်းများလို့တဲ့။ အခုတော့ ပါးပါး ပြောတဲ့စကားဟာ မှားယွင်းတယ်လို့ ချွမ်ရွေ့မှတ်ယူလိုက်ပြီ ချစ်မြတ်နိုးနေတာမို့ အနားမှာစိတ်ချလက်ချ ထားထား နိုင်ရမယ်။

ညအိပ်ခါနီး အတွေးစလေးတွေကို လက်စသတ်လိုက်ရင်း၊ အိပ်ယာ ဝင်ဖို့ပြင်ဆင်လိုက်တယ်။ မျက်နှာနဲ့ ရေပြင်ညီမျဉ်းအပြိုင် တည်ရှိနေတဲ့ မျက်နှာကျက်ပေါ်မှာ ပူပူနွေးနွေးရထားတဲ့ ချစ်သူရည်းစားလေးရဲ့မျက်နှာနဲ့ပုံရိပ်တစ်ချို့က ပေါ်လာပြန်တယ်။ မျက်နှာနဲ့ပုံရိပ်လေးတွေကိုမြင်ယောင်နေရရုံနဲ့မတင်းတိမ်နိုင်၊ လောဘဇော တိုက်ပြီး အသံလေးပါထပ်ကြားချင်လာပြန်တယ်။ ခေါင်းအုံးဘေးက ဖုန်းလေးကို ကောက်ယူလိုက်ပြီး ထယ်ရယ့်ဆီချက်ချင်းဖုန်းခေါ်လိုက်တယ်။

ချွမ်ရွေ့ဆီက ဖုန်းဝင်လာတော့ ထယ်ရယ့်မှာ အိပ်တော့မလို့ ပြင်နေရာကနေ မျက်နှာထက်သကာရည်လောင်းထားသလို ချိုပြုံးပြုံးလေး ဖြစ်သွားရတယ်။ ရည်းစားတွေကြိမ်ပေါင်းများစွာထားခဲ့ဖူးတာ ချွမ်ရွေ့ ပေးစွမ်းတဲ့ခံစားချက်နဲ့ ရင်ခုန်မှုကမတူဘူး။ ချက်ချင်းဖုန်းကို ကောက်မကိုင်သေးပဲ တစ်ကနေတစ်ဆယ်ထိ ရေတွက်လိုက်ပြီးမှ ကိုင်လိုက်တယ်။

"ဟယ်လို....ချွမ်ရွေ့
ဒီချိန်ကြီးဘာလဲ မအိပ်သေးဘူးလား"

"အွန်းမအိပ်သေးဘူး
ကိုယ့်အချစ်လေးကိုလွမ်းလာလို့"

ချွမ်ရွေ့က ဘာမှမဖြစ်သလိုပြောလိုက်ပေမဲ့ ထယ်ရယ့်မှာ အသည်းယားလွန်းလို့ သွားတွေပင်စိထားမိပြီ။ အရှက်သည်းနေပုံရပြီး ဘာမှစကားပြန်မလာတာမို့ ချွမ်ရွေ့ ဖုန်းလေးထဲကတစ်ဆင့် ထပ်ခေါ်လိုက်တယ်
"ထယ်ရယ်...."

"ဟမ်"

"ထယ်ရယ်လေး..."

"ဘာလဲကွာ...."

Let's Not Fall in LoveWhere stories live. Discover now