015

305 48 15
                                    

[ထဲ့ရေးပေးထားတဲ့Timelineနဲ့minuteလေးတွေမှာပြောချင်တဲ့စကားတွေရှိတာမို့ သတိပြုပေးပါရန်]


အားလုံးမျှော်လင့်ပြီး ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေရတဲ့စနေနေ့က တစ်ပတ်ပြည့်ပြီး ပြန်လည်ရောက်ရှိလာပြီ။ အားလုံးဆိုတာ ဒီစနေနေ့နဲ့ သက်ဆိုင်တဲ့ လူသုံးဦး၊ ရွေးချယ်စရာ နှစ်ခုကို မျက်စိရှေ့မှာ မြင်နေရတာပေမဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို မချနိုင်မှာကြောက်ရွံ့နေတဲ့ကောင်လေးရယ် နှစ်ပေါင်းများစွာ မသိကျိုးကျွန်ပြုခဲ့မိတဲ့ခံစားချက်တွေကို နောက်ဆုံးမှာ လက်ခံသိရှိလိုက်ရတဲ့ အတွက် မြိုသိပ်ထားသမျှကို ဖွင့်ပြောတော့မဲ့ကောင်လေးရယ် နောက်ပြီး ကံကြမ္မာက သဘာဝကျစွာတွေ့ဆုံပေးတဲ့ ဒုတိယအကြိမ်မြောက် မြတ်မြတ်နိုးနိုးချစ်မိသွားတဲ့ သူဆီက ချစ်ခြင်းကိုလက်ခံကြောင်းစောင့်ဆိုင်းနေတဲ့ လူရယ်။

ကော်ဖီဆိုင်ကို စောစောသိမ်းခဲ့ပြီး အိမ်ပြန်ရောက်တော့ ထယ်ရယ် ရေမိုးချိုး အဝတ်အစားလဲပြီး ပြင်ဆင်ရင်း ကိုယ့်မျက်နှာကိုယ်မှန်ထဲကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ ရင်ထဲမှာတော့ ဘာကို ရွေးချယ်မလဲဆိုတဲ့ အဖြေကရှိနေပြီးသားပေမဲ့ နောက်မှ နောင်တရခဲ့ရင်ကော၊ ဒါမှမဟုတ် မှားယွင်းသွားခဲ့ရင်ကောဆိုတဲ့ တုံ့ဆိုင်းမှုနဲ့တွေးဝေမှုက ရင်ထဲ ကိုလေးပင်စွာနဲ့ကြီးစိုးနေတယ်။

ဂျီအွန်း လဲဒီနေ့ စာအုပ်တိုက်ကနေ စောပြန်လာပြီးချိန်မှာ ထယ်ရယ်နဲ့ တွေ့ရဖို့အတွက် မစောင့်နိုင်လောက်အောင်ကို ရင်တွေခုန်နေပြီး အားလုံးအဆင်သင့်ဖြစ်နေပြီ။ ပြတိုက်မှာတွေ့ကြမှာဆိုတော့ စောစောကြိုထွက်လာခဲ့လိုက်ရင်း ခုန်လှုပ်နေတဲ့စိတ်တွေကို တည်ငြိမ်ဖို့ရာအတွက် လမ်းမှာ chamomile teaတစ်ခွက်ဝင်ဝယ်လိုက်ပြီး ပြတိုက်ရှေ့ မှာသွားစောင့်နေလိုက်တယ်။ ဒီနေ့ ထယ်ရယ့်ဆီက အဖြေပြန်ရပြီးရင် ချစ်သူတွေအဖြစ်အဆင့်တက်ကူးပြောင်းတော့မှာမို့ စိတ်ကူးလိုက်တိုင်း ပျော်ရွှင်နေတဲ့စိတ်တွေကတားမရဆီးမရ။

6:00pm
ချွမ်ရွေ့ ဝါကျင့်ကျင့်မီးလုံးတွေထွန်းထားတဲ့ဓာတ်ပုံခန်းထဲကနေ ပြန်ထွက်လာတယ်၊ လက်ထဲမှာတော့ဟိုနေ့က ထယ်ရယ်ကိုရိုက်ပေးထားတဲ့ ပုံလေးကို လှပစွာနဲ့ ထုတ်ပိုးဖို့အတွက် ပြင်ဆင်ပြီးယူလာတာ ဓာတ်ပုံပေါ်ကဆေးသားတွေတောင်မခြောက်သေးဘူး။နာရီကိုကြည့်လိုက်တော့ ခြောက်နာရီထိုးပြီမို့ ရေအမြန်ချိုးပြီး အိမ်ကထွက်ဖို့ကမမ်းကတမ်းပြင်ဆင်ရတော့တယ်။

Let's Not Fall in LoveWhere stories live. Discover now