019

279 44 10
                                    

စာအုပ်လက်မှတ်ရေးထိုးပွဲ အပြီးမှာ ထယ်ရယ်လဲ သိမ်းစရာ ရှိတာ သိမ်းပြီး ပြန်ဖို့ ပြင်ဆင်နေတုန်း ဂျီအွန်း ကအနားကိုချဉ်းကပ်လာရင်းပင်
"ထယ်ရယ်...ကိုယ်ပြန်လိုက်ပို့ပေးလို့ရမလား"

"အာ ရပါတယ်
ကျွန်တော်ကားယူလာခဲ့ပါတယ် CEOကင်မ်"

"ဒါဆို ညစာကော...."
ဂျီအွန်းက မဝံ့မရဲ မျက်ဝန်းမျိုးတွေနဲ့ကြည့်ရင်း ထယ်ရယ့်ကိုတောင်းဆိုလေတော့ တည်ငြိမ်စွာနဲ့ပဲပြန်ပြုံးလိုက်ကာ
"ကျွန်တော် dietလုပ်နေတာမို့ ညစာရှောင်ထားလို့ပါ"

တမင်အကြောင်းပြချက်ပေးလာတဲ့ ငြင်းဆိုမှုမှန်းသိသော်ညား စိတ်ထဲလုံးလုံးလျားလျားလက်မလျှော့ချင်မိ
"ဒါဆို မနက်ဖြန်နေ့လည်စာ ဖြစ်ဖြစ်
နောက်ရက်ကို အသားကင်ဖြစ်ဖြစ်သွားစားကြမလားဟင်"

ထယ်ရယ်ဂျီအွန်းကိုခပ်အေးအေးပင်ပြန်ကြည့်လိုက်သည်။
"အားတော့နာပေမဲ့
ကျွန်တော် မနက်ဖြန်နေ့လည်မအားလောက်ဘူးဗျ
ပြီးတော့ ကျွန်တော် ဒီရက်ပိုင်းသားသတ်လွတ်စားနေတာမလို့ပါ
ခွင့်ပြုပါအုံး"

ခေါင်းတစ်ချက်ငြိမ့်ပြပြီးတာဝန်ရှိတဲ့အပြုံးမျိုးနဲ့ ပြုံးပြရင်း ထယ်ရယ်လှည့်ထွက်သွားမလို့ ပြင်တော့ ဂျီအွန်း က ထယ်ရယ့်ခြေလှမ်းတွေ အပြင်ကိုဦးတည်ထွက်မသွားခင် လက်တစ်ဖက်ကိုဆွဲကိုင်လိုက်ရင်းအစောတလျင်လှမ်းတားလိုက်တယ်။
"ထယ်ရယ်....
ကိုယ် ဘယ်လိုရပ်တန့်ရမလဲ
ကိုယ်တို့တွေ အလျင်စလိုတွေ့ခဲ့ကြပြီးတော့ ရုတ်တရက်ကြီး လမ်းခွဲလိုက်ရတာမို့
ကိုယ်နှလုံးသား က အခြေနေတွေနောက်ကို လိုက်လို့မမှီဘူးဖြစ်နေတယ်
အဲ့တာကြောင့်.....ကိုယ့်ကို အချိန်လေးတော့ပေးပါအုံး
ထယ်ရယ့်ကိုဆက်တွေ့နေချင်တယ်"

ဂျီအွန်းခံစားချက်တွေကို အပြည့်အဝနားလည်သော်ညား ဘာမှမတတ်စွမ်းသာတဲ့ထယ်ရယ်က စိတ်မကောင်းစွာနဲ့ ကြည့်နေမိရင်း
"ကျွန်တော်အခုလုပ်ပေးနိုင်တာဆိုလို့
ကျွန်တော် တကယ်သဘောကျတဲ့လူကိုပါ အဆက်သွယ်ဖြတ်ထားပြီး လွမ်းဆွတ်တမ်းတမှုကို အပြစ်ဒဏ်လိုခံပေးနေတာမျိုးပဲတတ်နိုင်တယ် CEOကင်မ်"

Let's Not Fall in LoveWhere stories live. Discover now