008

309 53 7
                                    

ချွမ်ရွေ့ ဆိုလ်းကို ပြန်ရောက်နေတာ ဒီနေ့နဲ့ဆိုတစ်လ ပြည့်သွားခဲ့ပြီ။ အစကတော့ မားမား အစာအိမ်အူအတက်ရောင်ပြီး အသည်းသန်ဖြစ်တယ်ဆိုလို့ ဟိုမှာ ရှိတဲ့အလုပ်တွေကို ပစ်ထားခဲ့ပြီး ပြန်လာခဲ့တာ၊ အခုတော့မားမားကလဲ ပြန်သက်သာသွားပေမဲ့ အမေရိကားကို မပြန်ဖြစ်သေးတာက ဒီမှာ နေရင်း ခရီးသွားကုမ္မဏီတစ်ခုနဲ့ ချိတ်ဆက်မိပြီး အပ်ထားခံရတဲ့အလုပ်လေးတွေမပြီးပြတ်သေးတာမို့။

ချွမ်ရွေ့အတွက်တော့ ဆိုလ်းမြို့က အိမ်မက်ဆိုးတွေနဲ့ပြည့်နှက်နေတဲ့နေရာပဲ၊ မိသားစုနဲ့ပက်သတ်တဲ့ စိတ်ဒဏ်ရာတွေကို သတိပေးရာနေရာ၊ မပြတ်တောက်ချင်ပဲပြတ်တောက်ပေးလိုက်ရတဲ့ဆက်ဆံရေးတွေတည်ရှိရာနေရာ ဖြစ်တာမို့ ခြေပြန်ချဖို့အတွက် ခက်ခဲတယ်။ ထိုအကြောင်းရင်းတွေကပဲ ပါးပါးနဲ့အတူနေထိုင်ခဲ့တဲ့ ထယ်ရယ်တို့ရပ်ကွက်ထဲက အိမ်လေးဆီကို ပြန်မသွားဖြစ်ပဲ ကွန်ဒိုတိုက်ခန်း တစ်ခုကို ဝယ်ယူထားပြီး ထိုတိုက်ခန်းမှာပဲ တစ်ယောက်တည်းနေထိုင်စေခဲ့တာ။

~Let's Not Fall in Love~

ဂျီအွန်း အတွက်ဒီနေ့က အလုပ်နားရက်မို့ ဆိုလ်းမြို့က ဂျပန်စားသောက်ဆိုင်တစ်ခုမှာပဲကျောင်းတုန်းက သူငယ်ချင်းဖြစ်သူတွေနဲ့ တွေ့ဆုံဖြစ်ကြတယ်။ စကားလက်ဆုံ ပြောကြရင်း အလုပ်ကိစ္စအကြောင်းဆက်စပ်မိတော့ သူငယ်ချင်းဖြစ်သူ က
"ဂျီအွန်း...
မင်းစာအုပ်တိုက် နှစ်ပတ်လည်အတွက် ဒီတစ်ခေါက်ကော ဘာတွေစီစဉ်ထားလဲ"

"ဒီတစ်ခါ စဉ်းစားထားတာ အမှတ်တရphoto book တစ်အုပ်လောက်ထုတ်ဝေမလားလို့လေ
ဆိုလ်းမြို့ရဲ့ themeကိုပဲအသုံးပြုပြီး ဓာတ်ပုံနဲ့တကွ calligraphy artတွေနဲ့အတူ ထဲ့သွင်းဖော်ပြသွားမယ်လို့စိတ်ကူးထားတယ်"

"ထုံစံအတိုင်း ကင်မ်ဂျီအွန်းတို့ကတော့ စိတ်ကူးတွေဆန်းသစ်နေတုန်းပဲ
ideaလေးကောင်းတယ်
ဒါနဲ့ photographer ကော ဘယ်သူ့ကိုသုံးမယ်စဉ်းစားထားလဲ"

"အဲ့တာတော့ မစဉ်းစားရသေးဘူး
ခေတ်ရဲ့ trend နဲ့လဲ ညီအောင် လူငယ်ပိုင်းထဲက တော်တဲ့ သူတစ်ယောက်ယောက်ကို ရှာနေတာ"

Let's Not Fall in LoveWhere stories live. Discover now