010

297 54 4
                                    

စာအုပ်တိုက်မှာ ဒီနေ့ စာချုပ်သွားချုပ် ဖို့ ချိန်းဆိုထားတဲ့နေ့ဖြစ်တာကြောင့် ထယ်ရယ် မနက်အစောကြီးကတည်း က ဝီရိယ ရှိစွာနဲ့နိုကြားတက်ကြွနေတယ်။ပြင်ဆင်စရာပြင်ဆင်ပြီး အလုပ်ရှိရာဆီသွားဖို့ အိမ်ပြင်ထွက်လာချိန်မှာ ရာသီဥတုက တိုက်ဆိုင်စွာနဲ့ ကြည်လင်သာယာလျက်။ စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့် ထယ်ရယ့်မှာခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပတ်ဝန်းကျင်က ပန်းတွေ ဖူးပွင့်သွားသကဲ့သို့ပင်။

မိနစ်အနည်းငယ်လောက်taxi စီးလာပြီး စာအုပ်တိုက်ရှေ့အရောက်တော့ အသက်ကိုခပ်ပြင်းပြင်းရှူပြီး အလုပ်ကိုကြိုးစားလုပ်ဖို့သံဓိဌာန် ချလိုက်ရင်း အဝင်ဝ နဲ့မလှမ်းမကမ်း က လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်း က ထယ်ရယ်မျက်စိမမှားတာသေချာတယ်ဆိုရင် အဆောက်အအုံထဲကို ဦးအောင် ဝင်သွားနှင့်သူက ချွမ်ရွေ့။

ချွမ်ရွေ့က ဒီကိုဘာလာလုပ်တာလဲ၊ဟိုနေ့ကဆိုင်ဖွင့်ပွဲမှာလဲမြင်လိုက်ရတာမို့ သေချာပေါက်တော့ အွန်းစာအုပ်တိုက်နဲ့ဆက်စပ်မှုတစ်ခုခုရှိနေမယ်မှန်း ထယ်ရယ်ခန့်မှန်းမိလိုက်သည်။

ချွမ်ရွေ့ကတော့ ထယ်ရယ့်ကိုမြင်သွားပုံမရရှေ့ကနေ ဦးအောင်သွားနှင့်သူက ဓာတ်လှေကားနှင့်အတူ အပေါ်ကိုတက်သွားခဲ့ပြီမို့၊ ထယ်ရယ်အနောက်ကနေမသိမသာလိုက်ဝင်သွားပြီးနောက်  reception နေရာမှာ ဟိုနေ့က CEOဆီခေါ်သွားပေးတဲ့ဝန်ထမ်းမိန်းကလေးကို တွေ့တော့ အကျိုးအကြောင်း မေးကြည့်ရန်ဆုံးဖြတ်လိုက်ပြီး အနားကိုချဉ်းကပ်သွားလိုက်သည်။

"ဟိုလေ....စိတ်တော့မရှိပါနဲ့
ကျွန်တော်မေးချင်တာလေးတစ်ခုလောက်မေးလို့ရမလား"

ထယ်ရယ့်ကိုမှတ်မိနေပုံရသည့် ထိုဝန်ထမ်းမိန်းကလေးကလဲ ပြန်လည်ပြုံးပြလာပြီးနောက်
"ဟုတ်ကဲ့ ရပါတယ်ရှင့်"

"ကျွန်တော့်ရှေ့ကဦးအောင်ဝင်သွားတဲ့တစ်ယောက်က ဒီစာအုပ်တိုက်မှာ အလုပ်လုပ်တာလားမသိဘူး"

ထယ်ရယ့်အမေးကြောင့် ဝန်ထမ်းမိန်းကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်အမူအယာနဲ့အနည်းငယ်စဉ်းစားပြီးနောက်မှ
"စာအုပ်တိုက်မှာတော့အလုပ်လုပ်တာမဟုတ်ဘူးရှင့်
ဟိုနေ့ကCEOကင်မ်နဲ့အပြင်ထွက်သွားတုန်း နားစွံနားဖျားကြားလိုက်တာတော့ နှစ်ပတ်လည်ထုတ်ဝေမဲ့ စာအုပ်အတွက် အလုပ်အပ်ထားတဲ့ photographerဖြစ်ပုံပေါ်တယ်"

Let's Not Fall in LoveWhere stories live. Discover now