017

290 42 7
                                    

Barဆိုင်လေးကနေအိမ်ကိုပြန်လာကတည်း က ထယ်ရယ့်မှာ ဟာအိုပြောတာတွေတောက်လျှောက်ပြန်စဉ်းစားရင်း စိတ်တွေပိုရှုပ်ထွေးနေရတယ်။ စိတ်ကိုအများကြီးယိမ်းယိုင်သွားစေတဲ့စကားလုံးတွေမလား ဒီပုံစံအတိုင်းဆို ရှေ့လျှောက်ဓာတ်ပုံရိုက်ကွင်းတွေကိုထယ်ရယ် ဘယ်လိုမျက်နှာနဲ့လိုက်ရမလဲ။ လွဲချော်သွားခဲ့တဲ့အချိန်တွေကို နှမျောတသတယ်ဆိုတဲ့စိတ်ထက် ပွင့်ပွင့်လင်းလင်းဖွင့်မပြောပြခဲ့တဲ့ ချွမ်ရွေ့ကိုပိုစိတ်ကုန်ရတယ်။ နောက်ပြီး လူတစ်ယောက်ကိုလက်တွဲဖော်အဖြစ်ရွေးချယ်ထားခဲ့တာ အခုပဲကောက်ရွေး အခုပဲစွန့်လွှတ် လုပ်ချင်သလိုလုပ်ရအောင် ကစားစရာမှဟုတ်မနေပဲ။

ဂျီအွန်းကိုရွေးချယ်ခဲ့ပြီး ဂျီအွန်းနဲ့ပဲ ကောင်းမွန်စွာ ရှေ့ဆက်သွားဖို့ဆုံးဖြတ်သားပြီးသား မို့ ဆုံးဖြတ်ချက်ကိုပြန်ပြင်ဖို့ လဲအစီစဉ်မရှိတဲ့ထယ်ရယ်က ဖြစ်သွားတဲ့ကိစ္စတွေကို ကြိုးစားမေ့ဖျောက်ပြီး ဒီတိုင်းကျော်သွားလိုက်ဖို့သာဆုံးဖြတ်ချက်ချလိုက်တော့သည်။

တနင်္ဂနွေနေ့ကျ အားလုံးအလုပ်နားတာမို့ ဟန်ဘင်းဟျောင်း က ဘိုးဘွားရိပ်သာလေးဆီ ငယ်ငယ်ကလို ပြန်သွားရင်း လုပ်အားပေးကြဖို့ group chat ထဲကို sms ပို့ လာတယ်။ အားလုံးမြင်တာမို့ ချွမ်ရွေ့လဲလာလိမ့်မယ်လို့ ထယ်ရယ်တွက်ဆထားမိလိုက်ရာ နမ်ဆန်တာဝါနေ့ကကိစ္စတွေအကြောင်းသိထားပြီးသူအတွက်တော့ ချွမ်ရွေ့နဲ့ နှစ်ယောက်သား မျက်နှာချင်းဆိုင်နိုင်ဖို့ဆိုတာ ခဲရင်းသည်မလား။ အကြောင်းမဲ့သပ်သပ် ချွမ်ရွေ့မျက်နှာကိုမြင်ပြီး စိတ်ခံစားချက်တွေကိုပြန်မရှုပ်ထွေးချင်တော့တာမို့ အရာအားလုံးအနယ်ထိုင်မသွားခင် အခြေနေထိ ဂျီအွန်းနဲ့ လက်ပွန်းတတီးနေပြီး အသားကျအောင်ကြိုးစားရင်း ရှိနေတဲ့ဆက်ဆံရေးကိုပဲ ပိုကောင်းလာအောင်ကြိုးစားချင်တဲ့ စိတ်ရဲ့ တွန်းအားက ဂျီအွန်းကို ဘိုးဘွာရိပ်သာဆီအတူတကွလိုက်ခဲ့ပေးရန်တောင်းဆိုမိစေသည်။


~Let's Not Fall in Love~

တနင်္ဂနွေရဲ့ နံနက်ခင်းလေးက ကြည်လင်လန်းဆန်းနေသည်။ မိုးရွာမဲ့အရိပ်အယောင်လဲမရှိ။ တောက်ပတဲ့နေရောင်အောက်မှာ သူငယ်ချင်းအုပ်စု က ထယ်ရယ့်အိမ်ရှေ့ လူစုလိုက်ကြရင်း ဘိုးဘွားရိပ်သာလေးဆီသွားဖို့ အဆင့်သင့်ဖြစ်နေကြပြီ။ ချွမ်ရွေ့ကတော့ တစ်ယောက်ထဲရိပ်သာဆီ ဦးအောင်သွားနှင့်ပြီတဲ့။ ဂျီအွန်းနဲ့ ထယ်ရယ်တို့ကတစ်စီး၊ မက်သျူး၊ ဟာအိုနှင့်ဟန်ဘင်းတို့ကတစ်စီး မြို့ပြင်က ဘိုးဘွားရိပ်သာလေးဆီဦးတည်ပြီး မောငိးနှင်လာခဲ့ကြသည်။

Let's Not Fall in LoveWo Geschichten leben. Entdecke jetzt