004

347 49 11
                                    

"ဘာ!!!

မင်းက ချွမ်ရွေ့ကို သဘောကျနေပြီ?"

ဟာအို ရဲ့ အလန့်တကြား အော်လိုက်မိတဲ့အသံက တိတ်ဆိတ်နေတဲ့ ကော်ဖီဆိုင်လေး ထဲ ဟိန်းကနဲထွက်သွားတာမို့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ထယ်ရယ်နဲ့ မက်သျူးက တိုးတိုးပြောဖို့ လက်ညိုးတစ်ထောင်ထောင်အမူယာနဲ့ပြလျက်ရှိတယ်။


"ငါ့ကိုပြောပါ့အုံး ဘယ်ကဘယ်လိုဖြစ်ရတာလဲ"

"မသိဘူး ဒီရက်ပိုင်း ချွမ်ရွေ့အကြောင်းစဉ်းစားလိုက်မိရင် ကို စိတ်ထဲကနေ မယိုးမယွတွေဖြစ်လာတယ်

ဟျောင်းတို့ကို ပြောသာပြနေရတာ ရှက်ဖို့ကောင်းလိုက်တာ"
ပြောရင်း ပြုံးစစလေးဖြစ်နေတဲ့ထယ်ရယ့်မျက်နှာက အမှန်ပင် မက်မွန်သီးရောင်လေးသမ်းနေပြီ။

"ပြီးတော့ ချွမ်ရွေ့က အပြင်ပန်းကြည့်ရင် အေးစက်တယ်ထင်ရပေမဲ့ တကယ်တော့ အများကြီးဂရုစိုက်ပြီး နွေးထွေးတတ်ပါတယ်"
ထယ်ရယ်က ဆက်တိုက် ချီးမွှမ်းခန်း တွေဖွင့်လာတော့ မက်သျူးကပါ ဝင်ထောက်ခံတယ်။

"အဲ့တာတော့ဟုတ်တယ်
ထယ်ရယ့်ကို တော့ ဂရုစိုက်တာ မျက်လုံးတွေကြည့်ရုံနဲ့တင်သိသာတယ်

ချွမ်ရွေ့လဲ မင်းကိုပြန်ကြိုက်နေပြီထင်တယ်"

မက်သျူးပြောလိုက်တဲ့စကားကြောင့် ထယ်ရယ့်မှာ ပြုံးနေတာပိုလို့ပင်ရပ်တန့်လို့မရတော့ ပါးစပ်ကနားရွက်တက်ချိတ်မတက်ဖြစ်နေရပြီ။

"မသိဘူး အဲ့လိုဖြစ်မယ်ထင်တာပဲ

ဟျောင်းတို့ သိလား ဟိုနေ့ကလဲ စာကြည့်ရင်း သူ့အခန်းထဲက စားပွဲပေါ်မှာ အိပ်ပျော်သွားတော့လေ
ကျွန်တော့်ကို စောင်လေးခြုံပေးထားတာ"

ဆက်တိုက်ပြုံးနေရင်းပြောလာတဲ့ထယ်ရယ့်ကြောင့်မို့ ဟာအိုက ခပ်စောင်းစောင်းလေးကြည့်ရင်း
"မျက်နှာကြည့်ရုံနဲ့တင် အရမ်းသိသာနေပြီ
အဲ့လောက်တောင် သဘောကျတာလား ချွမ်ရွေ့ကို"

"အွန်း...အများကြီး"
မှာထားတဲ့ စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက်ကို ထယ်ရယ် ပိုက်လေးနဲ့စုတ်သောက်ရင်း ပြောလိုက်တယ်။

Let's Not Fall in LoveDove le storie prendono vita. Scoprilo ora