038: နဂါးကို ဆင့်ခေါ်မယ်

Bắt đầu từ đầu
                                    

ပန်းယီယီ သည် ဟိုလိုဂရပ်ဖစ် ဗားရှင်းသည် တစ်ဖက်မိန်းကလေး၏ အသွင်အပြင်ကို ကြည့်ပြီး ရွေးချယ်ရန် အခွင့်ကောင်းဖြစ်မည်ဟု ထင်သောကြောင့် သူမသည် သူမ၏ ဖက်ရှင်စတိုင်ကို မပြောင်းသေးသလိုအဆင့်မြှင့်တင်ခြင်းမျိုး မလုပ်သေးဘဲ သူ့တကယ့်မျက်နှာနှင့် ပိုတူစေရန် အနည်းငယ်သာ ပြုပြင်လိုက်လေသည်။

သို့သော်လည်း တစ်ဖက်လူက  မိန်းကလေးတစ်ယောက်ရဲ့အသွင်အပြင်ကနေ ဒီလိုပုံစံပြောင်းဖို့ ဒီစနစ်ကို အမှန်တကယ်အသုံးပြုမယ်လို့ ဘယ်သူထင်မှာလဲ ဒါက ဘယ်လို အလှတရားမျိုးလဲ?

သို့သော်လည်း ခုနက "ဖာရက်" အသွင်အပြင်က အမှန်တကယ် ချစ်ဖို့ကောင်းတယ်  အဲ့ဒါကို ဘယ်လိုကျင့်ကြံထားတာလဲ >_<

ဟဲကျင့် ကိုယ်တိုင်က သူ့ဇာတ်ကောင်ရဲ့ ရုပ်ပုံက မဆိုးဘူးလို့ ခံစားရလေ၏။ ဘာပဲဖြစ်ဖြစ် မီး ကလည်း အဲဒါကို မကောင်းဘူးလို့ မဆိုထားတာမို့ သဘောကျလို့နေမှာပဲလေ။

မကြာသေးမီက သူသည် ဤဂိမ်းကို အဓိကကစားခဲ့သည်။ထို့ကြောင့် သူသည် ဖာရက် တစ်ကောင်မျှသာဖြစ်သော်လည်း သူ၏ကျွမ်းကျင်မှုကို လဝက်ခန့်ကြာအောင် လေ့ကျင့်ပြီးနောက်တွင် သူ၏ ကြံ့ခိုင်မှုမှာလည်း အလွန်တိုးတက်လာခဲ့သည်။ ယခုအချိန်တွင် ဟဲကျင့် သည် သူ၏ ခွန်အားကို စမ်းသပ်ရန်၊ သူ၏ ခြေသည်းကို လေ့ကျင့်ရန်နှင့် သူ၏ သိက္ခာတရားတွေကို မြှင့်တင်ရန်  ဤ ကြီးမြတ်သော နတ်ဘုရား ကစားသမားများနှင့်အတူ သွားချင်ခဲ့သည်။

ကိုးခန်းမ အရှင်မင်းမြတ်က လေးကို ကျောပေါ်တင်ပြီးသူတို့ကို တိုက်တွန်းလာသည်။

"ကောင်းပြီ နောက်မှ ဆက်ပြီး မိတ်ဆက်ကြတော့ ငါ မစောင့်နိုင်တော့ဘူး!"

ရေသေ သည် သူ၏ယပ်တောင်ကို ခပ်ကာ "ဒီ Dungeon ကို ကစားမယ်ဆိုတာသေချာလား?ငါတို့တွေ လေ့ကျင့်တဲ့ အနေနဲ့ အဆင့်နိမ့် Dungeon ကို မသွားသင့်ဘူးလား? "

ကြိုးကြာရိုင်း သည် ယန်တောင်၏အဝင်ဝကို လှမ်းကြည့်ကာ ထိုနေရာတွင် ကစားခဲ့သော နောက်ဆုံးအကြိမ်ကို တွေးမိသည်။ သူသည်လည်းအနည်းငယ် သံသယဝင်စွာပြောလာခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ