"ဆန်းဆက်"

"မင်းအ​ရှေ့မှာရှိ​နေတာကငါ။ငါ့ကိုပဲ
ကြည့် တစ်ခြားသူ​တွေကို အရေးမပါလို့ စိတ်ထဲကိုမထည့်ထားနဲ့ ကြားလား။
သင်စရာရှိတာသင်ပြီးမှ သွားမယ်"

"အင်း"

​ခေါင်းအသာညိတ်လိုက်ရင်းသာ
ဆန်းဆက်​ပြောသလိုပဲ  ဂီတာတီး
ဆက်သင်ဖို့ကိုပဲ အာရုံထားလိုက်သည်။

----

" ဒီနေ့ ရာသီဥတု သာယာတယ်နော်"

"အင်း ဒါပေမဲ့ပြောလို့မရဘူး။မိုးက
သူရွာချင်ရင် ရုတ်တရက် ရွာချမှာ"

နှစ်ယောက်အတူတူ ဓါတ်​လှေကားက​နေ တတိယအထပ်မှာထွက်လာရင်း ယှဥ်
တွဲကာ ​ကော်ရစ်တာတစ်​လျှောက် လူ
ရှင်းတဲ့နေရာမှာရပ်လိုက်သည်။

music clubက​နေ အပြန်​နေစင်နဲ့သူအတန်းထဲကိုသွားကြဖို့ပင်။ အထပ်
တူပေမယ့်အခန်း​တွေက ​ကျောင်းရဲ့
အလယ်က​နေဆန့်ကျင်ဘက်တစ်ဖက်ဆီပင်။

"​နေစင်"

"အင်း"

"ဆိုင်ကယ်ပါလာလား"

"ပါတယ်​လေ ဆိုင်ကယ်ဦးထုပ်ရော
မိုးကာ​ရော "

"လိုင်စင်​ရော"

ဆက်ပြောမလို့လုပ်ပြီးမှ ကြောင်တောင်တောင်ဖြစ်နေတဲ့​ကောင်​လေး။ တကယ်ပဲ ဘာ​လေးလဲ။

"ဒဏ်​ငွေရိုက်မလို့စစ်​နေတဲ့သူမဟုတ်ဘူး​လေကွာ။ဘာလို့​မေးတာလဲ တစ်ကယ်
မသိတာလား"

"ဆန်းဆက်"

လူရှင်းနေတဲ့​ကော်ရစ်တာတစ်​
လျှောက် ​ဘေး​ဘောင်တန်းကိုကိုင်
ကာ ရပ်လိုက်သူနဲ့လိုက်ရပ်ရသည်။
လူကို​ခေါ်ပြီး ​ငေးကြည့်နေပေမယ့်
ဘာမှမ​ပြော။

" လာကြိုမယ် ပြောတာဘာလို့
လက်မခံတာလဲ။

"ဆန်းဆက်"

"ငါ့ကိုဘာလို့လက်မခံ​သေးတာလဲ"

နာမည်ပဲ​ခေါ်​နေသူကို အားမရစွာ ထုတ်
ပြောရတော့သည်။ပြတ်သွားပြီလို့
အသိ​ပေးထားတာ တစ်ပတ်ပင်ပြည့်
တော့မည်။အခုထိ ဒီကောင်လေးက သူ
နဲ့တွဲသွားတွဲလာ လုပ်နေတာကလွဲလို့တရားဝင်အတိအလင်း အ​ဖြေမ
ရ​သေး။တစ်နည်းအားဖြင့် ချစ်သူ​
တွေအဖြစ် အဆင့်မတက်နိုင်​သေး။

The First He GlaredWhere stories live. Discover now