" ဒီဘက်က ဂျွန်တိုင်းပြည်ရဲ့ မင်းသား​ဂျွန်ဂျောင်ကု
ဟိုဘက်က ကလေးလေးက ပတ်ခ်ဂျီမင်းတဲ့
ဂျွန်တိုင်းပြည်ကပဲ အဲလေ မင်းသားလေးနဲ့ ညီအစ်ကိုတွေလိုဆိုပါတော့''

ဘာ ညီအစ်ကို! ညီအစ်ကို မဟုတ်ဘူး လင်လင်တွေဖြစ်မှာ!

စောင့်ကြည့်ထားးးကြ

နောက်နှစ်များကြာလို့ အရွယ်ရောက်လာရင်
မင်္ဂလာသတင်းကြားကိုကြားရမယ်။
အဲ့ကျ ဆရာဆော့ဂျင်ကို ကြက်သားတစ်တုံးနဲ့ပဲ ဧည့်ခံမှာ!
ဘာမှတ်!

ဆော့ဂျင်သည် ထိုသို့ ရှင်းပြလေသောအခါ
မိန်းကလေးဆီမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည့်
အမူအရာကို တွေ့လိုက်ရသည်။

နောက်ဆက်တွဲအားဖြင့် မိန်းကလေးမှ မိတ်ဆက်လာ၏။

" မမ နာမည်က ဒိုဟွာပါ ၊ ဒီကျောင်းရဲ့ ဓားရေးပထမအဆင့် ကျွမ်းကျင် ပညာရှင်ပါ''

သူတို့ နှစ်ယောက်သည်တော့ မျက်လုံးအဝိုင်းသားနှင့်
ဝိုး ရုံကလွဲ၍ မသိတာမို့
ကြားထဲက ဆရာဆော့ဂျင်က ရှင်းပြလေသည်။

" ဒိုဟွာက ဓားရေးအရမ်းကျွမ်းတာလေ ၊ မင်းသားတို့ကိုလည်း သင်ပေးလိမ့်မယ် ''

" ဒါဆို ဆရာကရော''

ဂျီမင်းမေးတော့ ဆရာဆော့ဂျင်၏ လက်တစ်ဖက်က အစေအခိုင်းမဲ့ ဂျီမင်း၏ ခေါင်းထက်မှ ဆံပင်တွေကို လှမ်းဖွပစ်လိုက်ပြီးပြီ။

ဆော့ဂျင်သည် ဒီကလေးလေးကို မြင်မြင်ချင်းပင်
ခင်တွယ်မိလေသည်။

" ဆရာက စာပေရေးရာသင်ပေးမှာပါ ကလေးရဲ့''

" ဟီးး ဟုတ်ကဲ့ ဆရာ''
ဂျီမင်းသည် ထိုသို့ ပြောသောအခါ
နောက်တကြိမ် ဆံပင်လေးများအား ဆွဲဖွခံလိုက်ရသည်။

တစ်ခွန်းတစ်လေမှ ဝင်မပြောလေသော ဂျောင်ကုအား
မိန်းကလေး ဒိုဟွာမှ အကဲခတ်ကြည့်နေလေ၏။

သူမ၏ စိတ်ထဲဝယ် အမျိုးမျိုး ပြောနေလိမ့်မည်။

- ဒီခလေးတောင် ဒီအရွယ်ရောက်လာပြီ ဟူ၍၊၊

" ကဲကဲ စကားတွေကောင်းနေပြီ ၊ မင်းသားလေးတို့ နားချင်ရောပေါ့ မိန်းကလေး ဒိုဟွာ ဆရာတို့ကို ခွင့်ပြုပါအုံး''

BLOODY  LORD Where stories live. Discover now