Part-5🍃(uni+zawgyi)

765 92 3
                                    

jungkook သည်ဖြေရှင်းမရသည့်အဆုံး ရေချိုးခန်းထဲမှ ထွက်လာကာ သူ့ဘက်ကို ကျောပေးပြီး မှန်အပြင်ဘက်ကို ကြည့်နေသော လူသားအား
ခါးအနောက်ကနေ သန်မာလှတဲ့ လက်တစ်ဖက်ဖြင့် ဆွဲလှည့်လိုက်ပြီး နှုတ်ခမ်းသားတို့ ထိကပ်ပစ်လိုက်သည်။

" အင့်..... jungko~~~~ "

jimin သည် နေဝင်ချိန်ကို လွမ်းမောဖွယ် ကြည့်နေရင်း ခါးထက်မှ လက်တစ်စုံ၏ ဆွဲလှည့်မှုကြောင့်
တစ်ချက်ယိုင်သွားကာ ပြောဖို့အလုပ်
ထွက်လာမည့်စကားများကို နှုတ်ခမ်း တစ်စုံဖြင့်
အပိတ်ခံလိုက်ရသည်။
အလန့်တကြားလည်း ရုန်းနေမိသည်။

" ငြိမ်ငြိမ်နေစမ်း park jimin "

" jungkook ဖယ်ပေးပါ...အင့်. ငါမနေတတ်ဘူး "

ရင်ဘတ်တွေကို လက်ဖြင့်တွန်းလွှတ်မိသည်။

" ခင်ဗျား နေတတ်စရာမလိုဘူး "

ချိုတယ်။
နှုတ်ခမ်းသားတွေက သိပ်ကိုချိုတယ်။
ကြာကြာနမ်းလေ ဒီနှုတ်ခမ်းထူထူတွေကို
ပိုမက်မောလာလေ။

အတော်အသင့်ကြာမှ jungkook သည် သူ၏နှုတ်ခမ်းသားများကို လွှတ်ပေးသည်။
ထို့နောက် ရေချိုးခန်းထဲ သို့သာ ပြန်ဝင်သွားပြီး
ကျန်ခဲ့သော jimin သည် နှုတ်ခမ်းသားများ
ပူထူကာ လူသည်လည်း မလှုပ်မယှက် ရပ်နေမိသည်။

ရေချိုးခန်းထဲမှ jungkookသည်လည်း
နမ်းလိုက်မိသည်ဆိုတာကို ဘယ်လိုမှမယုံနိုင်။
ဒီကိစ္စက ခဏတာပဲမို့ ခေါင်းထဲက ထုတ်လိုက်သည်။
ထို့နောက် ရေချိုးခေါင်းလျှော်ပြီး Barthrobe ဝတ်ပြီးသာ ပြန်ထွက်ခဲ့လိုက်သည်။
သူပြန်ထွက်လာသည်အထိ ဟိုလူသည် မလှုပ်မယှက် ရပ်နေဆဲ။

" park jimin!!!! "

" ................ "

" park jimin!!!! "

" ဟင်... "

" လာခဲ့ ခေါင်းလာသုတ်ပေး "

jimin လည်း သွားလိုက်ပြီး jungkook ၏ဘေးမှာ
ရပ်လိုက်သည်။ ထိုအချိန် jungkook သည်
သူ၏ခါးမှ ကိုင်ကာ ခြေထောက် နှစ်ချောင်း ကြားသို့ ရွှေ့လိုက်သည်။

" အား အား နာတယ် "

လို့ပြောပြီး သူ၏ခါးကို ကိုင်ထားသော jungkook ၏ လက်များကို ပုတ်ချနေမိသည်။

"မောင့်ရဲ့ ကကြိုး"Where stories live. Discover now