Part-4🍃(uni+zawgyi)

737 83 3
                                    

လေယာဥ်ကွင်းရောက်သည်နှင့် jungkook သည်အရှေ့မှ lauggage ဆွဲကာ ထွက်သွားသည်
အနောက်မှ jimin သည်လည်း lauggage ဆွဲကာ
လိုက်ရတော့သည်။ အထဲရောက်သည်နှင့်

" jungkook ငါတို့ ဒီမှာ "

သူငယ်ချင်းများ လှမ်းခေါ်တာမို့ သူတို့ရှိတဲ့နားကိုသာ
နှစ်ယောက်လုံး လျှောက်သွားလိုက်သည်

" မင်းတို့ ရောက်တာ ကြာပြီလား "

" စောစောနကမှ ရောက်တာ
ဒါနဲ့ သူက ~~~ "

စလာပါပြီ ။ park jimin ကတကယ့်အရှုပ်ထုပ်။
jungkook လည်း

"  ငါ့ယောကျာ်း park jimin "

jungkook ထို့သို့ပြောလိုက်တော့ သူငယ်ချင်းများနှင့်
jimin သည် မျက်စိ ပြူးသွားကြသည်။

" အော် "

jungkook ၏သူငယ်ချင်းများ ပြိုင်တူ အသံထွက်မိလိုက်ကြသည်။
jimin သည်လည်း ပါးလေးတွေ ပန်းရောင်သမ်းသွားကာ ရှက်ကိုး ရှက်ကန်း ဖြစ်သွားသည်။
ကောင်လေးကတော့ ပြောပြီးလည်း ခပ်တည်တည်ပဲ။

" မဂ်လာပါ ကျွန်တော်က lay ပါ "

" မဂ်လာပါဗျ ကျွန်တော်က min ပါ "

" မဂ်လာပါ ကျွန်တော်က shin ပါ "

jungkook ၏သူငယ်ချင်းများသည် သူ့ကို လက်ဆွဲနှုတ်ဆက်သည်မို့ jimin လည်း ပြန်နှုတ်ဆက်ရင်း

" ကျွန်တော်က park jimin ပါဗျ "

သူငယ်ချင်းများသည် စိတ်ထဲမှာတော့ park jimin က ဒီလောက်လှတာကိုကွာ။
နတ်သားလေး အလားပဲ။
jeon jungkook ဒီကောင် ဒီလောက်လှတဲ့ ယောကျာ်း ကိုတောင် သူ့မှာမလိုချင်သလိုလိုနဲ့။
ငါသာဆိုရင်နှစ်ခါပြောစရာတောင် မလိုဘူး
တန်းခေါင်းငြိမ့်မှာ။

ကောင်လေး၏သူငယ်ချင်းများသည် ဖော်ဖော်ရွေရွေ
ရှိကြသည်။
lay ဆိုတဲ့ တစ်ယောက်က ဆံပင်ကောက်ကောက်
လေးတွေနဲ့။
min ဆိုတဲ့သူကတော့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့။
shin ကတော့ခန့်ညားတည်ကြည်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်ဟု jimin တိတ်တဆိတ်
မှတ်ချက် ချမိသည်။

ထိုအချိန် min မှ

" ကဲ သွားကြမယ်လေ
ငါ့ကို lauggage တွေပေးလိုက် တင်မဲ့ counter ကို သွားပို့မလို့ "

"မောင့်ရဲ့ ကကြိုး"Kde žijí příběhy. Začni objevovat