အခန်း - ၁၀

ابدأ من البداية
                                    

ဥပမာဆိုရလျှင် ချန်ခေါ့သည် ယခုလက်ရှိတွင် မိမိခေါင်းထဲ၌ အိမ်မှုကိစ္စနှင့်ဆိုင်သော ကျွမ်းကျင်မှုအဆင့်ဆင့်ပြကားချပ်များရှိရန် မျှော်လင့်မိသည်။

အိမ်မှုကိစ္စ၏ လုပ်ဆောင်မှုအဆင့်ဆင့်နှင့်အတူ သက်ဆိုင်ရာပစ္စည်းကိရိယာများ အစရှိသည်တို့ကို လိုအပ်နေသည်။

သူသည် စူပါမားကက်ရှိ ကြမ်းတိုက်တံများတို့ဖြင့်ပြည့်နှက်နေသောစင်ရှေ့တွင် စိတ်ပျက်စွာ ရပ်နေသည်။ ဘဝနေထိုင်မှုအသစ်သည် သူ့အပေါ် အငြိုးတရားကြီးမားလွန်းလှသည်။

ကြမ်းတိုက်တံပဲ မဟုတ်ဘူးလား...။ ကြမ်းပြင်တိုက်ဖို့အတွက်ပဲမဟုတ်ဘူးလား...။ ဘယ်လိုဖြစ်လို့ ဒီဇိုင်းကာလာတွေ၊ အမျိုးအစားတွေ ဒီလောက်အထိ စုံလင်နေရတာလဲ...။

ယခင်က ချန်ခေါ့သည် ကြမ်းတိုက်တံနှင့် ကြမ်းတိုက်ဝတ်များအကြောင်းကို နားလည်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေခဲ့သည်။ သူ့အိမ်တွင် သန့်ရှင်းရေးလုပ်သူသက်သက်ရှိပြီး သူကိုယ်တိုင်ဝင်လုပ်စရာမလိုအပ်သော်လည်း အနည်းဆုံးတော့ ကြမ်းတိုက်တံတွင် အပြားလိုက်ပုံစံနှင့် အမွှေးရှည်ရှည်ပါသည့်ပုံစံဟူ၍ ရှိသည်ကို သူသိသေးသည်။

သို့သော် ယခုမြင်နေရသော ကြမ်းတိုက်တံများမှာ အပြားလိုက်ပုံစံထဲတွင်မှ အဝိုင်းပုံအပြားနှင့် လေးထောင့်ပုံအပြား ဆိုပြီးရှိသေးသည်။ အမွှေးရှည်ကြမ်းတိုက်တံထဲတွင်လည်း ပုံးထဲထည့်လိုက်သည်နှင့် အလိုအလျှောက်ရေညှစ်ပေးသော အမျိုးအစား နှင့် ကြမ်းတိုက်တံပေါ်ရှိ ခလုတ်ရှည်ကိုဆွဲပြီး ရေညှစ်သော အမျိုးအစားဟူ၍ ကွဲပြားသေးသည်။

ထို့ပြင် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုထားသော ကုန်ကြမ်းလည်းမတူကြပေ။

လွယ်ကူမည်ဟုထင်ခဲ့သော ကိစ္စတစ်ခုမှာ မထင်မှတ်ဘဲ အင်မတန်ရှုပ်ထွေးသောကိစ္စအဖြစ် ပြောင်းလဲသွားသည်။

နောက်ဆုံးတွင် ချန်ခေါ့သည် လေးထောင့်ပုံ အပြားလိုက်ခေါင်းရှိသော ကြမ်းတိုက်တံကိုရွေးလိုက်၏။ ကြမ်းတိုက်ပြား၏မျက်နှာပြင်မှာ ကြီးမားသောကြောင့် ကြမ်းပြင်ပေါ် တစ်ခါလောက် ပွတ်ဆွဲတာနှင့် အလုပ်ဖြစ်လောက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』حيث تعيش القصص. اكتشف الآن