အပိုင်း(၂၀)

52 2 2
                                    

~Unicode~

အချိန်တွေက တရွေ့ရွေ့ပြောင်းလဲနေပေမဲ့ တစ်ချို့အရာတွေကမပြောင်းလဲပဲရှိနေမြဲ။ကိစ္စတော်တော်များများကို အချိန်ကအဆုံးအဖြတ်ပေးလိမ့်မယ်တဲ့။မဖြေရှင်းပဲ မသိသလိုချောင်ထိုးထားတာတွေကရော အချိန်တန်တာနဲ့ အဖြေကပေါ်ပါ့မလား။

အရှုံးမခံလိုတဲ့မာန‌ေကြာင့်လား၊တစ်ချိန်လုံးကိုင်စွဲလာတဲ့ ခံယူချက်‌ေကြာင့်လား၊မသေချာသေးတဲ့နှလုံးသားကြောင့်လား ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီး မထုတ်ဖော်ခြင်းရဲ့အကြောင်းတရားက။

ထို့အတူ ထုတ်‌ေမးချင်တဲ့‌ေမးခွန်းတွေများနေရက် ၊ အတည်ပြုချင်တာတွေများနေရက်နဲ့ မြို့သိမ့်ထားရခြင်းရဲ့အကြောင်းက‌ေရာ မျှော်လင့်ချက်တွေကင်းမဲ့သွားတာကြောင့်လား၊ကြောက်ရွံ့မှုတွေကြောင့်လား။အဓိပ္ပာယ်ဖော်ရခက်တဲ့သူအပြုအမှုတွေ၊မခန့်မှန်းရဲတဲ့ သူ့မျက်ဝန်းအကြည့်တွေကြောင့် နေ့ရက်တွေကိုဖြန့်သန်းရတာဟာ တဖြည်းဖြည်းအားမလိုအားမရမှုတွေများလာပြီး မွန်းကြပ်လာသယောင်။

ထုတ်မမေးရဲတော့သလို သူ့ပါးစပ်ဖြားကနေထွက်ကျလာမဲ့အငြင်းစကား‌ေတွကိုကြောက်သည်။ကိုယ့်အပေါ်မဟုတ်တဲ့သူ့အချစ်အကြောင်းကိုထပ်နားမထောင်နိုင်တော့။အဲ့လိုနဲ့ပဲ ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်တာ ခရီးကမရောက်တော့ပဲ နှစ်ယောက်ကြားဆက်ဆံရေးက ဗရုတ်သုက္ခ။

လိုချင်လွန်းလို့ သူ့မိ‌ဘတွေထံလိမ်ညာပြီးမျက်နှာချူခဲ့သည်က ဝတ်စလစ်နဲ့တူတူအိမ်ပျော်ပြနေရုံနဲ့မရမှန်းသိတာ‌ကြောင့်ဖြစ်သည်။ငိုယိုပြီးတော့ "ချစ်လို့တွဲခဲ့ကြတာပါ ဒါပေမဲ့ ပိုင်းကမိသားစုနဲ့ပတ်ဝန်းကျင်ကိုမရင်ဆိုင်နိုင်ဘူးဆိုပြီး ကျွန်တော့်ကိုထားခဲ့ပါတယ် ဒါကို လက်မခံနိုင်ပါဘူး အဲ့တာကြောင့် ကျွန်တော်တို့ကို သဘောတူပေးပါ"လို့ဆိုပြီး ပိုင်းအမေဆီ လိမ်ညာကာ မျက်ရည်ချူခဲ့သည်။ဒါပေမဲ့ ခသက်ကို နည်းနည်းလေးတောင်မချစ်တဲ့ပိုင်းကြောင့် ခသက်လိမ်ညာထားတာတွေပေါ်မှာတောင်စိုးရိမ်ရသည်။

ခသက်မေမေကတော့ ဘာကိုကြည့်ပြီးပြောသည်လဲမသိ နှစ်ယောက်သားအဆင်ပြေနေတော့ တော်သေးတာပေါ့တဲ့။ဘယ်လိုပြေနေလို့လဲ ပိုင်းကဒီလောက်တောင်အနိုင်ကျင့်နေတာ။လူကိုတော့မဟုတ် စိတ်ကိုအနိုင်ကျင့်တာဖြစ်သည်။ပိုင်းရဲ့မထင်ရင်မထင်သလိုပြုမှုတတ်တဲ့ အပြုအမှုတွေက ခသက်ကိုရင်ခုန်စေပေမဲ့ ဘာလို့လဲဆိုတာရေရေရာရာမသိရ။သူစိတ်ရှိသလို ဖက်လိုက်နမ်းလိုက်လုပ်နေတတ်ပြီး တခါတခါလေ ခသက်အပေါ် ကြင်ကြင်နာနာဆက်ဆံတတ်သည်။တခါတလေကျတော့လည်း အေးတိအေးစက်နဲ့ ဘာတိဘာတာနေနေပြန်ရော။စိတ်ထဲတိတ်တဆိတ် အကဲခတ်ပြီး လိုက်ခန့်မှန်းရင်း ခသက်ရူးချင်သလိုလိုဖြစ်လာသည်။

NEEDWhere stories live. Discover now