အပိုင်း(၆)

53 5 3
                                    

<Unicode>

တလောကလုံး နှစ်ယောက်တည်းရှိသလို ချစ်ကြည်နူးနေတဲ့ တွဲခါစစုံတွဲကိုကြည့်ရင်း တစ်ယောက်ထဲရာသီဥတု ကွက်ပြီးမိုးအုံ့နေတာက ပိုင်းဖြစ်သည်။ပိုင်းကိုကြည့်ပြီး မှုတ်ကုပ်ကုပ်မျက်နှာနဲ့ ထိုအတွဲကို မျက်စောင်းလှမ်းလှမ်းထိုးနေတာက ခသက်။

ချစ်တဲ့သူငယ်ချင်းနှစ်ယောက်..အင်းသူငယ်ချင်းထက်ပိုခွင့်မှမရှိတာ သူငယ်ချင်းပေါ့။ထိုအပြန်အလှန်ချစ်နေကြတဲ့ သူ့သူငယ်ချင်းနှစ်ယောက် နီးစပ်စေဖို့ နှလုံးသားကိုစတေးပြီး အဆင်ပြေအောင် ကြားဝင်ပေးခဲ့သည်။နာကျင်ရပေမဲ့ ချစ်တဲ့သူပျော်ရွှင်နေတာကိုမြင်တော့လည်း ထိုနာကျင်မှုကဘာမှမဟုတ်တော့သလို။

ခေတ် သူ့ကိုပြောတဲ့နေ့မှာပင် ရှိန်းကိုသူကိုယ်တိုင် ခေတ်ကိုသူငယ်ချင်းတစ်ယောက်၊ညီမတစ်ယောက်ထက်မပိုကြောင်း၊ဒီလို အတွေးတွေလွန်၊အထင်တွေလွဲနေတာက ခေတ်ကိုနာကျင်စေကြောင်းတွေပြောပြီး ရှိန်းကိုနားချခဲ့ရသည်။

ဒီစကားတွေ ခေတ်ကြားလို့ကတော့ ပိုင်းကိုပွစိပွစိရွတ်နေမှာဖြစ်သည်။တခြားတော့မဟုတ် ခေတ်က ပိုင်းနဲ့ရှိန်းထက် လပိုင်းလောက် အသက်ပိုကြီးပြီး တအား မမဖြစ်ချင်တာဖြစ်သည်။အဲ့တာကို ပိုင်းရဲ့ညီမလေးလိုသဘောထားတာဆိုတာကိုသာ ကြားရင် ပွစိပွစိနဲ့ရန်စောင်းနေမှာ။‌ေပြာသာ‌ေပြာရတာ ရှိန်းနဲ့အဆင်ပြေအောင်ပြောပေးလို့ ပိုင်းကို ရန်စောင်းဖို့မေ့တဲ့အထိ ပျော်နေမှာ သေချာသလောက်ပါပဲ။

ရှိန်းက ၃ယောက်ရှိတဲ့ထဲ သူနဲ့ခေတ်နဲ့ ရည်စားဖြစ်သွားရင် ပိုင်းတစ်ယောက်တည်းကွက်ပြီး အထီးကျန်နေမှာစိုးလိုတဲ့။ပြီးတော့ ရှိန်းက ပိုင်းခေတ်ကို သူငယ်ချင်းထက်မပိုဘူးဆိုတာကို သေချာသိချင်သည်။မဟုတ်ရင် ပိုင်းကိုအားနာရပြီး သူငယ်ချင်းဆက်ဆံရေးကြား အဖုအထစ်ဖြစ်သွားမှာကိုမလိုလားတာကြောင့်ဖြစ်သည်။အကယ်၍ ပိုင်းကလည်းခေတ်ကိုချစ်နေရင် သူငယ်ချင်းအဖြစ်ပဲနေသွားမည်။ရင်ထဲက အချစ်တွေကိုမျက်ကွယ်ပြုရင်းတဲ့။ဒါပေမဲ့ ကံကောင်းထောက်မစွာ ပိုင်းက ခေတ်အပေါ်ဖြူဖြူစင်စင်သာ။

NEEDWhere stories live. Discover now