အပိုင်း(၁၃)

36 5 10
                                    

<Unicode>

မနက်ခင်း နေရောင်ခြည်ရယ်၊တေးဆိုနေတဲ့ငှက်တွေရယ်၊ရာသီဥတုအနေအထားက အရမ်းသာယာနေပေမဲ့ ခသက်အတွက်တော့ မသာယာနိုင်ပဲ ထိုင်နေရာကနေ ထပြေးချင်နေပြီ။ဒါပေမဲ့ သူအားတင်းပြီး ရင်ဆိုင်ရဦးမယ်။

"ခသက် သား ဘယ်လိုဖြစ်တာလဲ"

မေမေ့ဆီက မပြောင်းမလဲ နူးနူးညံ့ညံ့စကားသံကိုကြားတဲ့အခါ ဝမ်းနည်းစိတ်ကလှိုင်တက်လာကာ မျက်ရည်တွေစီးကျမိတော့မတတ်။အားနာပါသည်။အမြဲတမ်း နားလည်ပေးတတ်တဲ့ မေမေ့အပေါ် အခွင့်အရေး ပိုပိုယူမိသလိုဖြစ်သွားလို့။ဘယ်တော့မှ သူ့အပေါ် အပြစ်မမြင်ဘဲ ယုယပေးခဲ့တဲ့ မေမေ့ကို မျက်နှာငယ်ရအောင်ပဲလုပ်မိပြီး ဂုဏ်ယူရအောင်တော့မလုပ်ပေးနိုင်ခဲ့လို့။

ဒီလိုအနေအထားက ဘာဖြစ်နေလဲဆိုတာ မေမေသေချာသိရဲ့သားနဲ့။ပိုင်းကိုဆို ရူးမတတ်လိုချင်တဲ့ ခသက်စိတ်ကို ကောင်းကောင်းသိနေပြီး ဒီလိုမိုက်ရူးရဲဆန်တာကို လုပ်မှာက ခသက်ပဲဆိုတာသေချာနေရက်နဲ့။မတော်တဆမဟုတ်ပဲ တမင်သက်သက် ပိုင်ဆိုင်ချင်တဲ့အတ္တနဲ့လုပ်ခဲ့တာကို သိနေတဲ့ မေမေ့ရှေ့ ခသက် ဘယ်လိုစိတ်နဲ့လိမ်ညာရတော့မှာလဲ။

သားအမိနှစ်ယောက်တည်းသာဆို 'တောင်းပန်ပါတယ် မေမေ'ဆိုပြီး မေမေ့ရှေ့ဒူးထောက်တောင်းပန်မိမှာ။ 'ဒီအခွင့်အရေးကို ဆုပ်ကိုင်လိုက်မှပိုင်ဆိုင်ခွင့်ရမဲ့သူမို့ နောက်တခါဆို ကံကြမ္မာက အခွင့်အရေးပေးမှာမဟုတ်လို့ သူနဲ့မဆုံမှာကြောက်တယ် အဝေးကပဲကြည့်နေရတာကိုမုန်းတယ် အဲ့တာကြောင့်မို့.......သားကတောင်းပန်ပါတယ်'။

ဒါပေမဲ့လည်း လူ၄ယောက်ရှေ့မှာ ခသက်ခေါင်းသာ ခါပြခဲ့သည်။

"ကျွန်တော်မသိဘူး"

"ဒါဆို ပိုင်း ပြောဘယ်လိုဖြစ်တာလဲဆိုတာ"

ပိုင်းမေမေက မေးတော့ ပိုင်းက

"ဒီမနက် ဒီလိုတွေဘာလို့ဖြစ်နေလဲ ကျွန်တော်လည်းမသိဘူးဒါပေမဲ့ ဘာမှလွန်လွန်ကြူးကြူးမဖြစ်ခဲ့ဘူးဆိုတာတော့သေချာတယ်"

"မင်းရုပ်ကို မင်းအရင်ပြန်ကြည့်ဦး"

ပိုင်း‌ေမ‌ေမက ထပ်ပြောတော့ ခသက်က အားယူသလိုလက်တီးကိုဆုတ်လိုက်ပြီးမှ

NEEDDär berättelser lever. Upptäck nu