အပိုင်း(၁၉)

62 2 6
                                    

Unicode//

"ခသက်သွေး မင်းအရှက်မရှိဘူးလား!!"

ဟိန်းကနဲ ပေါက်ကွဲထွက်လာသည့်အသံက သစ်ပင်ပေါ်နားနေသည့်ငှက်တွေကိုပင် ထပျံပြေးစေသည့်အထိ ထိတ်လန့်စရာကောင်း‌ေစပေမဲ့ တစ်ယောက်သောသူအတွက်တော့ နားဝင်ချိုပြီး ထပ်ခါထပ်ခါကြားချင်နေသလားအောက်မေ့ရအောင် တစ်ဖက်လူ၏စိတ်ကို ပို၍ပို၍ဆွပေးနေသည်။

"နည်း နည်း‌ လေးတောင်မရှိဘူး"

"မင်းမှာမရှိပေမဲ့ ငါ့မှာရှိတယ် ဟေ့ကောင် ထွက်သွား"

"ပိုင်းသစ်မောင် မင်းကလည်း ငါနောက်ကျနေလို့ပါဆို"

"မနောက်ကျချင်ရင် စောစောထလေ"

"မင်းမှမနိုးတာ"

"ဘာ!"

ပိုင်းစိတ်တိုလွန်းလို့ ဘာမှတောင်မပြောနိုင်တော့ပါ။ဒီမနက် အလုပ်သွားရမှာကို မထပဲ ကလားသေကလားမောအိပ်နေပြီးမှ နောက်ကျတော့မယ်ဟုဆိုကာ ပိုင်းရေချိုးနေသည်ကို အတင်းဝင်ပြီး တူတူချိုးမယ် လုပ်နေသည်။ပိုင်းကလည်းပိုင်း ခသက်သွေးဆိုတဲ့ကောင်ကိုယုံမိလို့ တံခါးဖွင့်ပေးလိုက်မိတာ ဟိုကပြန်မထွက်တော့။'တံခါးခဏဖွင့်‌ေပး ယူစရာရှိလို့'တဲ့လေ လိမ်ပြောတာကိုကြည့်။

"လင်လင်တွေပဲကို တူတူချိုးရအောင်"

"ချိုးစရာဘာအကြောင်းမှမရှိဘူး မင်းမထွက်ရင်ငါထွက်မယ် ဖယ်"

ပိုင်းတံခါး‌ကိုဆွဲဖွင့်ရုံရှိသေး ခသက်ပြောလိုက်တဲ့စကားကြောင့် ဆွံ့အပြီးရင်ဆွံ့အသွားရပြန်သည်။ပြောပုံက

"ရေလေချိုးမှာကို ဘာလို့အဲ့လောက်တောင် ရှက်နေရတာလည်း မရိုးမသားတွေ တွေးနေလို့မလား"တဲ့

တကယ် ခသက်သွေးပြောင်းလဲလာပုံက လက်ဖျားခါချင်စရာ။ခုတလော သူရဲ့ပုံစံကိုအမျိုးမျိုး ပြနေတာ။

ပိုင်းကလည်း တခုခုဆိုငြိမ်ခံတတ်တဲ့ type မဟုတ်တော့ ဘာမှပြန်မပြောရ၊မလုပ်ရရင် နေလို့ထိုင်လို့မကောင်းတော့သလို ငြိမ်ခံလိုက်ရင် ယောကျာ်းမာနထိခိုက်တာကြောင့် တံခါးကိုပြန်ပိတ်လိုက်ပြီး ခသက်ဆီသို့တိုးကပ်သွားလိုက်သည်။

NEEDWhere stories live. Discover now