အပိုင်း(၄)

73 8 4
                                    

<Unicode>

နှစ်ထပ်တိုက်ဖြူဖြူရဲ့ဝရံတာမှာရပ်ပြီး မနက်ခင်းနေရောင်ခြည်ကို ခံစားနေတဲ့ ပိုင်းက တီရှပ်ခဲရောင်နဲ့ဒူးအတိဘောင်းဘီအနက်ကို ပေါ့ပေါ့ပါးပါးဝတ်ထားသည်။အသားဖြူဖြူ၊အရပ်ရှည်ရှည်နဲ့ပိုင်းကအေးအေးချမ်းချမ်းမျက်နှာလေးနဲ့မို့ ချောမောတာထက်ကိုပိုကာ မြင်သူတိုင်းအတွက် အကြည်ဓာတ်ဖြစ်နေပါသည်။တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့ပိုင်းက ရင်နှီးတဲ့သူတွေနဲ့ဆိုရင်တော့ စနောက်ပြုံးပျော်နေတတ်သည်။

လူကြီးသူမတွေကြား လိမ္မာရေးခြားရှိတယ် ဆိုပြီး သတင်းမွှေးကာ၊ငယ်သူတွေကြား သဘောကောင်းမနောကောင်းကြောင်း နာမည်ကြီးနေပေမဲ့ အမှန်က ကုတ်ကမြင်းဖြစ်သည်။လူကြီးတွေရှေ့ တမင်သက်သက်ကြီးလိမ္မာပြနေတာမဟုတ်ပေမဲ့ လိမ္မာတယ်ထင်နေကြတာတော့ မတတ်နိုင်။တကယ်တော့ ပိုင်းက လုပ်ချင်တာလုပ်တတ်ပြီး ပြန်မပြောနားမထောင်လေး။

အထက်တန်းကျောင်းကတည်းက ရန်ဖြစ်ပြီးဆို မပါမဖြစ်။သူကအရင်သွားစတာတော့မဟုတ် လာစတာကိုငြိမ်မခံတတ်တာ။ဉာဏ်ကောင်းသလောက် ရှယ်ပျင်း အတန်းထဲအိမ်စာမထပ်တဲ့သူဆိုပိုင်းထိပ်ဆုံး။စာသင်ချိန်ဆိုအိပ် အိပ်ငိုက်တာတောင် ပညာနဲ့ အရှေ့ငိုက်လိုက်နောက်လှန်လိုက်မဟုတ်ပဲ မျက်လုံးလေးမှိတ်ပြီး ငြိမ်ငြိမ်လေးအိပ်တာ မသိရင် စာအုပ်ကိုကြည့်နေပါတယ်ပေါ့။ဆရာဆရာမတွေဆုံးမရင်လည်း တဟုတ်ဟုတ်နဲ့ပြီးရင်လုပ်ချင်တာလုပ်တာခုထိ။အိမ်မှာဆိုလည်း အဲ့လိုပဲ အိမ်ကလူတွေဘာပဲပြောပြော ဟုတ်တစ်လုံးတည်း။ဘာလို့လဲမေးတော့ သူတို့တွေလည်းစိတ်ချမ်းသာအောင်သူလည်းနားညီးသက်သာအောင်တဲ့လေ။ပြောလိုက်ရင်တော့ 'ဟုတ်'တဲ့ လုပ်လိုက်ရင်တလွှဲ..သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ။

ပတ်ဝန်းကျင်ကိုဟိုငေးဒီငေးလုပ်နေတုန်း ပိုင်းရဲ့အကြည့်တွေက မျက်နှာချင်းဆိုင်အိမ်ကိုရောက်တော့ သက်ပျင်းချမိပြန်သည်။

ပိုင်း ခသက်သွေးကို မတွေ့တာတစ်ပတ်လောက်ရှိပြီ။အရင်က ပိုင်းတို့အုပ်စုထဲမှာ ခသက်သွေးကအငြိမ်ဆုံး။သူပဲစိတ်ထင်လို့လားမသိ ခသက်သွေးက စေသု့တို့ရှိန်းတို့နဲ့ဆို တက်တက်ကြွကြွပြုံပြုံးပျော်ပျော်နဲ့ စွာစိလန်နေပြီး ပိုင်းလည်းရောက်လာရော ချက်ချင်းတိတ်ဆိတ်သွားတတ်သည်။ပိုင်း သတိထားမိနေပေမဲ့ အထွေအထူးအဖတ်မလုပ်မိ။ဒါ‌ေပမဲ့ သူကိုဖွင့်ပြောပြီးကတည်းက ခသက်သွေး ပေါ်ကိုမလာတော့ပါ။

NEEDWhere stories live. Discover now