အပိုင်း(၁၅)

66 7 3
                                    

<Unicode>

အချစ်တွေထပ်တူကျသွားတဲ့အခါ အရမ်းကြည်နူးပျော်ရွှင်ရမည်။အချစ်တွေထပ်တူမကျခဲ့ရင်တော့ သေလောက်အောင် ပူလောင်ရပြန်ရော။

ကိုယ်လည်းချစ်တတ်တယ်၊သူလည်းချစ်တတ်တယ် ဒါ‌ေပမယ့်သူချစ်တာက ကိုယ်မဟုတ်နေရုံလေး။သူ့အတွက် ချစ်တဲ့သူဆီကနေ မျှော်လင့်ထားတဲ့အချစ်သာမဟုတ်ရင် ဘယ်သူ့အချစ်ကမှ သူ့အပေါ်သက်ရောက်မှု မရှိတော့သလို သူကလည်းအချစ်ဆိုတာကို ခံစားလို့မရတော့ဘူးတဲ့။

ပိုင်းက သူပြောခဲ့တဲ့စကားကို လက်တွေ့သက်သေပြနေသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ခသက်ရဲ့အပြုအမူ၊အပြောအဆိုတွေက သူ့အပေါ်ဘာသက်ရောက်မှုမှ မရှိသလို ခပ်အေးအေးသာ။

ဒီနေ့ ရုံးသွားရင် ဝတ်ဖို့အဝတ်တွေကို မီးပူတိုက်နေတုန်း ရေချိုးခန်းက ထွက်လာတဲ့ပိုင်းကိုမြင်တော့

"Good morning ပိုင်းသစ်မောင် မနေ့ကထက် မင်းကိုပိုချစ်တယ်နော်"လို့ အရှက်မရှိ နှုတ်ဆက်တော့ ပြန်ရသည်က

"မနက်စောစောစီးစီး တော်ရုံပဲကောင်းတယ် ခသက်သွေး"တဲ့

တခါတလေဆိုရင်တော့ "ပေါတောတောနဲ့"တဲ့။ဘယ်ချိန်ရောက်မှ "အင်း ငါရော"လို့ ပြန်ဖြေမလဲမသိပေမယ့် ခသက်ကတော့ အကျင့်ပါစွာ ထူးပြီးဝမ်းမနည်းတတ်တော့ပါ။တခါတလေ ရင်ဘက်ကနာပေမယ့် ပိုင်းမသိအောင် တစ်ယောက်ထဲ ကြိတ်ခံစားတတ်လာသည်။နာကျင်မှုတွေကို ထိန်းချုပ်တတ်လာတာက လေ့ကျင့်မှုတွေများခဲ့လို့ပဲဖြစ်မည်။

အရင်တုန်းက သနားချစ် ဆိုရင်တောင် အဆင်ပြေတာမို့ ခံစားရသမျှဖွင့်ဟပြခဲ့ပေမဲ့ ကြာလာရင် စိတ်ပျက်မှာစိုးလို့ ပိုင်းရှေ့ပျော်ပျော်ပဲနေပြတော့သည်။အနားမှာနေပေးရင် အားလုံးအဆင်ပြေပြီလို့ ပြောခဲ့တာမလား အဲ့လောက်နဲ့ ရောင့်ရဲတက်ရမှာပေါ့။တကယ်က အဲ့လိုမဟုတ်ပေမဲ့လည်း လောဘတက်လို့မှမရတာ။

"မင်းက ငါ့လာပြောတော့ ငါဘာလုပ်ပေးလို့ရမှာလဲ အဲ့တာမင်းတို့ကိစ္စလေ"

"........."

"ဟ မင်းမိန်းမမင်းပြောပေါ့ ငါကဘေးလူ"

NEEDحيث تعيش القصص. اكتشف الآن