အပိုင်း(၁၁)

34 3 7
                                    

[Unicode]

"ငါနဲ့အတူရှိပေးနိုင်မလား မဟုတ်ဘူး ရှိပေးပါလား ငါလေ မင်းနဲ့မှမဟုတ်ရင် ဘဝကိုဘယ်သူနဲ့မှမဖြတ်သန်းချင်ဘူး တစ်ယောက်တည်းလည်း မရဲဘူး ငါက မင်းနဲ့မှဖြစ်မှာ အဲ့တာကြောင့်သနားသောအားဖြင့် ငါနဲ့လက်ထက်ပါလား မင်းကဘယ်သူကိုမှလည်းထက်မချစ်နိုင်တော့ဘူးဆို ဟုတ်တယ်မလား ဒါဆိုငါနဲ့ပဲယူလိုက်လေ ပြီးကျ ငါချစ်တာပဲခံ မင်းကပြန်မချစ်ပေးလည်းရတယ် တကယ်လို့ မင်းတစ်ယောက်ယောက်ကို ထပ်ချစ်မိသွားလည်းရတယ် ငါပြန်ကွာရှင်းပေးမယ်လေနော်"

ခသက်စကားကြောင့် ပိုင်းမှာခေါင်းတော်တော်စားသွားသည်။ဘယ်လိုလူက သူနဲ့လက်ထက်ဖို့ကို ကလေးမုန့်ပူဆာသလို ငိုချတော့မတတ်တောင်းဆိုလို့လဲ။

ခု ပိုင်းတို့မှာ ဇာတ်လမ်းအတော်ရှုပ်နေပြီဖြစ်သည်။စာမေးပွဲဖြေပြီး တစ်ပတ်လောက်နေတော့ သိထားတဲ့အတိုင်း ခေတ့်အမေက ခေတ်ကိုယောကျာ်းပေးစားဖို့ပြောလာသည်။ပေးစားမဲ့သူကလည်း တခြားသူနဲ့မဟုတ် ပိုင်းဆိုတဲ့ ပိုင်းသစ်မောင်နဲ့တဲ့။

ပိုင်းရဲ့မိဘတွေကလည်း တော်ရုံပိုင်းနဲ့ပက်သက်ပြီး ဘာမှ ဝင်မစွတ်ဖက်တတ်ပေမဲ့ ခေတ်ရဲ့အမေက ကလေးတွေကျောင်းပြီးရင်လက်ထက်ပေးရအောင်ဆိုတာကို တကယ်ပြောတာလို့ မထင်ပဲ ကလေးတွေအချင်းချင်း ဘယ်သွားသွားတတွဲတွဲနဲ့ခင်မင်နေတာကို စနောက်ပြီးဒီတိုင်းပြောတာထင်လို့တဲ့လေ။နောက်မှ ခေတ့်အမေက အတည်ကြီးပြောနေမှန်းသိလိုက်ရပြီး ခုမှထငြင်းရင်လည်းမကောင်းတဲ့အပြင် မိန်းကလေးဘက်ကအရင်ပြောလာတာမို့အားနာလို့တဲ့။နှစ်ဖက်လုံးကလည်း အရမ်းခင်မင်နေတော့ မျက်နှာပျက်စရာမဖြစ်စေချင်တာလည်းနေမှာပေါ့။အဓိကက ပိုင်းက မငြင်းပဲ လက်ခံမယ်လို့ သေချာတွေးထားတာကြောင့်လည်းပါသည်။

ခုလိုအခြေအနေမဟုတ်ရင် ပိုင်းလည်းပျော်လွန်းလို့ ထကမိလိမ့်မည်။ဒါမဲ့ ခုကခေတ်နဲ့ရှိန်းက ချစ်သူတွေဖြစ်နေတာကြောင့် ပျော်မဲ့အစား စိတ်တွေညစ်ပြီး သူငယ်ချင်းကိုအားနာတာကြောင့် ညညဆို အိပ်လို့တောင်မပျော်။

အဲ့အကြောင်း ကြားကြားချင်ချင်ဆို "တကယ်လို့ ခေတ်သာငါ့ကိုချစ်ခဲ့ရင် ရှိန်းမဟုတ်ပဲ သူ့ကိုသာရွေးခဲ့ရင် ဒီအကြောင်းက သူတို့အတွက်သတင်းကောင်းဖြစ်နေမလား"လို့တွေးမိပေမဲ့ အတွေးမဟုတ်တဲ့တကယ့်လက်တွေ့ကတော့ အားလုံးအတွက်စိတ်ညစ်စရာသတင်းဆိုးတစ်ပုဒ်ဖြစ်နေခဲ့ပါသည်။

NEEDWhere stories live. Discover now