"အဲ့တာမင်းအထင်လေကွာ "

မင်းခန့်တိုးတိုးလေးပြောလိုက်တာကြောင့် မိုးမကြားလိုက်ပါ။

"မင်းအဲ့ကိစ္စနဲ့ဒီအချိန်ကြီး ငါ့အိမ်လာတယ်ပေါ့ "

"ငါတုံလေးအတွက်စိတ်ပူလို့ပါ "

"ဘာဘဲဖြစ်ဖြစ် ငါပြောတဲ့အတိုင်းဘဲနေမှာ စိတ်ပူမနေနဲ့တော့ "

"ဟင့်အင်း စိတ်မပူလို့မရဘူး ငါကြောင်ပျောက်ကြေညာကပ်ရမယ်၊မင်းပြောသလိုလည်းဖြစ်နိုင်တယ်ဆိုပေမဲ့ ငါ့ကြောင်လေးကိုငါမျက်စိနဲ့ကိုယ်တိုင်မြင်ရမှ စိတ်ချမှာ "

မင်းခန့် သက်ပြင်းသာချလိုက်ရ၏။

"အင်းပါ...မင်းသဘောမင်းသဘော ဒီအချိန်ဘယ်မိတ္တူဆိုင်မှမဖွင့်သေးဘူး အိမ်ပြန်အိပ်လိုက်အုံး "

"ငါကူးထားပြီးပြီ "

"ဟမ်...ဘယ်ချိန်ကူးလိုက်တာလဲ "

"မနေ့ညက အိပ်မပျော်လို့ လိုရမယ်ရသွားကူးထားလိုက်တာ အဲ့တာ မင်းငါ့ကိုလိုက်ကပ်ကူအုံး ငါကျောင်းမသွားခင် အပြီးကပ်ရမှာမို့ "

"ဟာ...မင်းကတော့ကွာ၊အေအေ....ငါမင်းအပေါ်ကူညီခဲ့တာတွေမမေ့နဲ့နော် "

"မမေ့ပါဘူးကွာ၊ငါ့ကြောင်လေးပြန်ရှာတွေ့ရင် ဟိုနေ့ကရဲမေဖုန်းနံပါတ်ငါသွားတောင်းပေးမယ် "

ထိုအခါမှလူပ်လူပ်ရှားရှားဖြစ်သွားသည့် မင်းခန့်တစ်ယောက်တက်ကြွစွာနှင့်_

"မင်းပြောတာနော် ဟားဟား...သွားမယ် သွားမယ် မြန်မြန်သွားကပ်ကြမယ်လေ "

"နေပါအုံးဟ မင်းဒီပုံစံနဲ့သွားမလို့လား "

အခုမှအိပ်ရာကထလာသည့်မင်းခန့်ပုံစံကသေချာပေါက်စုတ်ပျက်သတ်နေပေမဲ့ မင်းခန့်ကတော့ ဂရုမစိုက်ဘဲ_

"ဒီချိန်ဘယ်သူမှရှိတာမှမဟုတ်တာ လာစမ်းပါ မြန်မြန်ကပ်ကြမယ် "

မိုးလည်း မင်းခန့်ပြောသလိုလမ်းပေါ်မှာဘယ်သူမှရှိမနေဖို့ဆုတောင်းမိသည်။တစ်ယောက်ယောက်သာ တွေ့လို့ကတော့ မိုး မင်းခန့်နှင့်အတူအရှက်ကွဲမခံနိုင် ထိုအချိန်တွင်မင်းခန့်ကိုတစ်ယောက်တည်းထားခဲ့ပြီး ထွက်ပြေးလာရမည် ဟုကြိုပင်တွေးထားခဲ့၏။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now