ဇာတ်သိမ်းပိုင်း

Beginne am Anfang
                                    

"ကိုယ့်ကလေးလေး မငိုနဲ့တော့နော်၊ တိတ်ပါတော့ မိုးဦးရယ်"

စာသင်ခန်းသည် တိတ်ဆိတ်လျက် ချစ်သူနှစ်ဦး၏ ငိုရှိုက်သံနှင့် ချော့မြူသံတို့သာ လွင့်ပျံလျက်ရှိသည်။ ကျောင်းဝင်းအတွင်းရှိ တောင်ဇလပ်ပင်တွင် အနီရောင် တောင်ဇလပ်ပန်းတို့သည် အဆုပ်လိုက် အဆုပ်လိုက် ပွင့်လန်းနေကြသည်။
.....

မောင်က မိုးဦး၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ချစ်သူ့မျက်နှာကို ကြည့်မဝအောင် ဖြစ်နေသည်။ ချစ်သူ၏ လှပနုထွေးသော ပါးမို့မို့လေးကို မကြာခဏ မွှေးကြူနေသည်။

"မောင်"

"ဟင်"

"ဘယ်တုန်းက ပြန်လာတာလဲဟင်"

"အင်း မကြာသေးပါဘူး"

မိုးဦးက မျက်စောင်းနုနုလေးထိုးရင်း
"မောင်က တကယ်စိမ်းကားတာပဲ၊ အပြင်ရောက်ရောက်ချင်း တို့ဆီတောင် မလာဘူးနော်၊ သတိရောရသေးရဲ့လား"

"သတိရတာပေါ့ ၊ မိုးဦးကို မလွမ်းတဲ့နေ့ တစ်နေ့မှ မရှိပါဘူးကွာ"

"ဟင်း အဲ့ဒါဆို ဘာလို့အခုမှ ပေါ်လာတာလဲ"

"မောင်.... မိုးဦးကို ရင်မဆိုင်ရဲလို့"

"မောင်ရာ... တို့ မောင့်ကို ဘယ်လောက် မျှော်နေလဲဆိုတာ သိရဲ့လား၊ အချိန်တိုင်း လွမ်းလွန်းလို့ ငိုနေရတာ" ဟုဆိုကာ မိုးဦးအသံလေး တိုးဝင်သွားသည်။

မောင်က မိုးဦး၏ ပါးနှစ်ဖက်ကို သူ့လက်ဖဝါးတို့ဖြင့် ထွေးပွေ့လိုက်ပြီး
"မငိုနဲ့တော့နော် အခုပြန်ရောက်လာပြီပဲ မောင်တို့ တစ်သက်လုံး မခွဲတော့ဘူးလေနော်"

မိုးဦးက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် မောင်က မိုးဦး၏ နှုတ်ခမ်းတို့အား စုပ်ယူနမ်းရှိုက်လိုက်သည်။ တစ်ဦး၏ ရင်ခုန်သံကို တစ်ဦးက အတိုင်းသား ကြားနေရသည်။
......

ညသည် အေးမြလျက်ရှိသည်။ နှင်းပွင့်ကလေးများသည် အာကာတစ်ခွင်၌ ဝေနေသည်။ မိုးဦးက အခန်းအပြင်သို့ထွက်ကာ မတ်တပ်ရပ်နေ၏။ မောင်သည် ခြုံထည်တစ်ထည်ကိုယူလျက် မိုးဦးပုခုံးပေါ်သို့လွှမ်းလိုက်ပြီး နောက်မှ သိုင်းဖက်ထားလိုက်သည်။

မောင့်ငယ်ဖော်Wo Geschichten leben. Entdecke jetzt