ထူးခန့်ပိုင် တံခါးထဲဝင်သွားပြီးမှ မှင်စာလေးရောက်လာကာ
< ကြောင်စုတ် မင်းကဘာလို့ ဒီကိုရောက်လာတာလဲ >

[ ငါ့တာဝန်ကို ပြန်လာလုပ်တာလေ ]

< ဘာ ဒါဆို >

[ ဟုတ်တယ် မင်းကိုမလိုတော့ဘူး အဲ့တော့ သဘောတူညီချက်အတိုင်း မင်းနေရာမင်းပြန်လို့ရပြီ မင်းလွတ်လပ်ပြီ မင်းရဲ့နယ်မြေထဲကို အလိုက်တသိနဲ့ ထွက်သွားလိုက်တော့ ]

' တောက်စ် မင်းယုတ်မာ.... အားးးး '
ဆဲဗင်းတစ်ယောက် စကားဆုံးအောင်မပြောလိုက်ရပဲ လေပွေတစ်ခုနဲ့အတူ လွင့်ပါသွားတော့သည်။

၁၀နှစ်ကြာပြီးနောက် ထူးခန့်ပိုင်လဲတံခါးထဲမှထွက်လာခဲ့တော့သည်။ သူကအခုဆိုရင် သေနတ်ကအစ ကျောက်ခဲအဆုံး လက်နက်အမျိုးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပစ်တက်နေပြီဖြစ်သည်။  သူထွက်လာ,လာချင်း ပိုင်ပိုင်ကသူ့အား

[Host မက်မွန်သီးစားဦးမလား အမောပြေလေး ]

' စားမှာပေါ့ ပေး '

[ ရော့ host ဒီမှာလာထိုင်စား ]
ဆိုကာ ပိုင်ပိုင်က သူထိုင်နေတဲ့ မက်မွန်ပင်ကြီးအောက်ကိုခေါ်လေသည်။ အစားမြင် အရာရာမေ့တဲ့ ထူးခန့်ပိုင်ဟာလဲ ပိုင်ပိုင့်ရဲ့ဆွဲဆောင်မှုနောက်ပါသွားကာ ပိုင်ပိုင်ပေးတဲ့ မက်မွန်သီးကို အားရပါးရစားတော့သည်။

[ host စားပြီးရင် နောက်ကမ္ဘာသွားမယ်နော် ]

' မင်းရောလိုက်မှာလား '

[ လိုက်မှာပေါ့ host တစ်ယောက်ထဲစိတ်မချလို့ ]

' အားရား ပိုင်ပိုင်လေးက ချစ်ဖို့ကောင်းလိုက်တာ '

[ ဝေါ့ ရွံဖို့ကောင်းလိုက်တာ အော့ ]

' ပိုင်ပိုင် မင်းဗိုက်ကြီးနေတာလား '

[ ကြီးစရာလား ပိုင်ပိုင်က T အဟွင်း ]

' ယုန်ပါတယ် '

[ host ! ]

' ဘာလဲ '

[ သွားတော့ နောက်ကမ္ဘာကို ဟွန်း ]

' F**k ဖြည်းဖြည်းပို့ဟ '
ထူးခန့်ပိုင်ဆဲပြီးတာနဲ့  သူ့အား တစ်နေရာမှ ဆွဲငင်ခံလိုက်ရပြီး အမှောင်ကျသွားတော့သည်။ system လေးလဲ space မှပျောက်ကွယ်ကာ သူ့ host  နောက် လိုက်ပါလာတော့သည်။

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now