အပိုင်း ၂၆

Start from the beginning
                                    

.....
....
၂၀၁၀ခုနှစ်....
အကျဉ်းထောင်ရှေ့ရှိ လမ်းသည် နေအပူကြောင့် တံလျပ်ထနေသည်။ မောင့်အတွက် လွတ်လပ်မှုကို ပြန်လည်ရရှိပြီးနောက် ပထမဦးဆုံးအတွေးထဲ ဝင်ရောက်လာသူ မိုးဦး ဖြစ်သည်။ မောင် ဘယ်လမ်းကို သွားရမည်လည်း မတွေးတတ်တော့ချေ။ သုံးနှစ်ဆိုသည့်ကာလအတွင်း မောင်သည် အရာရာနှင့် ကင်းကွာခဲ့ရသည်။ မောင်တန်ဖိုးထားသည့်အရာတို့ ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် မောင်အချစ်ရဆုံးသော မိုးဦးနဲ့ ဝေးကွာခဲ့ရသည်။

လမ်းအတိုင်းလျှောက်လာရင်း မောင် ရှေ့ဆက်ရမည့်ဘဝအတွက် တွေးတောနေမိသည်။ မိုးဦးရှိရာသို့ သွားရမည်လား။ မောင်သည် ယခု မိုးဦး ဘယ်ရောက်နေလဲဆိုသည်ကို မသိပါ။ သို့သော် သိလျှင်လည်း မိုးဦးရှိရာသို့ သွားရဲပါမည်လား။ မောင် မိုးဦးကို မျက်နှာမပြဝင့်။ မောင့်ဘဝသည် အရင်ကတည်းက ဘာကိုမှ ပိုင်ဆိုင်ထားသည့်သူမဟုတ်ပေ။ ဘဝက အရင်ကတည်းက ဗလာဖြစ်သည်။ ယခုအခြေအနေမှာ ပို၍ပင် ဆိုးဝါးနေသေးသည်။ မျှော်လင့်ချက်မဲ့နေသည့်ဘဝကဲ့သို့ဖြစ်နေသည်။
.....
မန္တလေးမြို့ကြီးသည် အနည်းငယ်စည်ကားလာသည်က လွဲလျှင် ဘာမှ ထူးထူးခြားခြားပြောင်းလဲတော့မရှိဟု ခံစားရသည်။ နန်းမြို့ရိုးရှိရာ ကျုံးပတ်လမ်းပေါ်သို့ လျှောက်သွားရင်း ယခင်က မိုးဦးနှင့် ပျော်ရွှင်ခဲ့ရသည်တို့ကို သတိရမိသည်။ သည်နေရာမှာထိုင်ရင်း မိုးဦး၏ စွဲမက်ဖွယ်နှုတ်ခမ်းတို့အား နမ်းရှိုက်ဖူးသည့်အငွေ့အသက်တို့ကို ပြန်ပြောင်းတွေးတောနေမိသည်။

"မောင့်ပါးချိုင့်လေးနဲ့ ဝေးခဲ့ရတာ ကြာပါပြီကော"
"လွမ်းလိုက်တာ မိုးဦးရာ၊ မင်း ဘယ်များရောက်နေပြီလဲ"
.....

အရာရာကို ရင်မဆိုင်ရဲသူတစ်ယောက်အဖို့ နောက်ဆုံးတော့ ကိုယ့်ဇာတိရွာကိုပင် ပြန်ရန်ဆုံးဖြတ်လိုက်မိသည်။ အဝေးပြေးကားလေးသည် မောင့်ဘဝအစပြုခဲ့သော ယောနယ်သို့ ဦးတည်လာခဲ့သည်။ ကားပေါ်တွင် အမျိုးမျိုးတွေးတောနေမိသည်။ အဘကို မည်သို့မျက်နှာပြရပါမည်နည်း။ မောင့်ကို မုန်းများသွားပြီလား အဘရယ်။ အိမ်ရှေ့ရောက်မှ အဘက မောင့်ကို နှင်လွှတ်ရင် ဘယ်လိုလုပ်မလဲ။ ဒီသားဟာ မမိုက်ပေမယ့် မလိမ္မာခဲ့ဘူးမဟုတ်ပါလား။
......

မောင့်ငယ်ဖော်Where stories live. Discover now