♡ 09(Part-1) ♡

Start from the beginning
                                    

"ဟီဆွန်းဟျောင်း ဟိုမှာ ဟိုမုန့်လေးတွေစားချင်တယ်"

ဆိုပြီး ဆိုင်တစ်ဆိုင်ထဲသို့ လက်ဆွဲခေါ်သွားလေသည်။

ဆိုင်ရှေ့တွင် ခင်းကျင်းထားသော လင်ဗန်းထဲမှ အဝါရောင် ပန်းပွင့်ပုံမုန့်လေးကို ယူပြီး တစ်ကိုက်ကိုက်လိုက်လေသည်။

"စားလို့ကောင်းတယ် ဟျောင်း စားကြည့်"

အိမ်ရှေ့စံလက်ထဲမှ မုန့်လေးကိုတစ်ကိုက်ကိုက်လိုက်ပြီး

"အင်း စားလို့ကောင်းတယ် အထဲမှာ အစာမပါတာတောင် ချိုမွှေးပြီးအရသာရှိတယ်"

"သခင်လေးတို့ ဒီမုန့်ကအရမ်းစားကောင်းပါတယ် ကျွန်တော်မျိုးမကိုယ်တိုင် လုပ်ထားတဲ့ ကြံသကာမုန့်ပေါင်းပါ"

"ဟျောင်း ဒီမုန့်ဝယ်ရအောင် ဟွန်းလည်း ကြိုက်မှာသေချာတယ်"

"အင်း"

"ဒါနဲ့ ဟျောင်း ဘယ်အချိန် တောင်ပေါ်ကိုသွားမှာလဲ မီးပုံးလွှတ်တင်ရမယ့်အချိန်ရောက်တော့မယ်လေ တော်ကြာ မမှီဘဲနေဦးမယ်"

မလှမ်းမကမ်းရှိ ကိုယ်ရံတော်ငါးယောက်ကိုကြည့်ရင်း အိမ်ရှေ့စံတစ်ယောက် ဟီဆွန်းနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။

"ဟျောင်း တာဝန်ထားလိုက်"

ထို့နောက် ပြဇာတ်ရုံတစ်ခုရှေ့သို့ရောက်လာပြီး

"ငါတို့ ပြဇာတ်တစ်ပွဲကြည့်ဦးမယ် ကြာမှာဆိုတော့ ရော့ ဒီငွေတုံးတွေယူသွားပြီး တစ်ဆိုင်ဆိုင်မှာ စားသောက်ရင်းစောင့်နေကြ"

ဟီဆွန်း ခပ်တည်တည်ပင် နောက်မှ ကိုယ်ရံတော်များအား အမိန့်ပေးလိုက်လေသည်။

"ရပါတယ် သခင်‌လေး ကျွန်တော်တို့ ဒီရှေ့မှာပဲ..."

"မင်းတို့က ငါ့အမိန့်ကိုမနာခံတာလား"

"မဟုတ်ပါဘူး သခင်လေး~ ကောင်းပါပြီ ကျွန်တော်တို့ ဒီရှေ့ကဆိုင်မှာစောင့်နေပါ့မယ်"

ကိုယ်ရံတော်များထွက်သွားသောအခါ ပြဇာတ်ရုံထဲသို့အဝင်ပြပြီး ပြဇာတ်ရုံနောက်ဖက်အပေါက်မှ ခိုးထွက်ခဲ့ကြလေသည်။

Rewrite The StarsWhere stories live. Discover now