Arc 3🗡226🗡နဂါးရုပ်တု

En başından başla
                                    

ထိုအခိုက် လုရွှမ်​ရှေ့မှာ စိမ်းမြတဲ့ သစ်သားချောင်း တစ်ချောင်း ရုတ်တရက် ပေါ်လာပြီး ၁၆ ပမာဏရှိတဲ့ စိတ်စွမ်းအားရဲ့ ထိန်းချုပ်မှုအောက်မှာ သစ်သားနှလုံးသားဟာ ​ကြမ်းပြင်ထဲကို တိုက်ရိုက် ထိုးဆင်းသွားတော့သည်။

စိတ်စွမ်းအား ၁၅ရှိစဥ်က သစ်သားနှလုံးသားကို တစ်ကီလိုမီတာ အကွာအဝေးအတွင်း ရွှေ့လျားစေဖိူ့ ထိန်းချုပ်နိုင်သည်။ အခုတော့ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက ၁၆အထိ ထပ်မံတိုးတာကြောင့် လွယ်ကူစွာ ထိန်းချုပ်နိုင်ပြီး နှစ်ကီလိုမီတာ အကွာအဝေး အတွင်းမှာ ပြဿနာမရှိပေ။

အခြေခံအားဖြင့် နှစ်ကီလိုမီတာ အကွာအဝေးသည် ပေရွှီး နန်းတော် တစ်ခုလုံးကို ​ခြုံငုံထားနိုင်သည်။ ထို့ကြောင့် အိပ်ခန်းထဲတွင်ရှိ ရတနာအခန်းရှာရန် အလွန်လွယ်ကူလှသည်။

မကြာမီတွင် လုရွှမ်သည် သစ်သားနှလုံးသားကို သုံး၍ မြေဆီလွှာ အထဲကို သိသိသာသာ ထိုးဖောက်ဝင်ရောက် သွားတာကို ခံစားလိုက်ရသည်။ မြေကြီးထဲ လှည့်ပတ်သွားလာရန် ၎င်းကို ထိန်းချုပ်ကာ မြေပြင် အက်ကွဲကြောင်းမှ တစ်ဆင့်ကျောက်စိမ်းသင်္ကေတ တစ်ခုကို တွေ့လိုက်သည်။

လုရွှမ်သည် တစ်နေရာသို့ လျှောက်သွားကာ အရှေ့ကို ညွှန်ပြပြီး

"အကျယ်က သုံးမီတာ... အနက်က နှစ်ဆယ့်ငါးမီတာ"

"ဟုတ်ကဲ့ပါ သခင်လေး"

မော့ကောင်းရွှမ်း နားလည်ဟန် ခေါင်းညိတ်ပြ၍ လုရွှမ်ညွှန်ပြတဲ့ နေရာကို သွားလိုက်သည်။

"ဗုန်း!"ကနဲ အသံတိုးတိုးလေး ထွက်လာပြီး မော့ကောင်းရွှမ်းသည် သုံးမီတာ ကျယ်၍ နှစ်ဆယ့်ငါးပေ နက်သော မြေကြီးထဲသို့ အပေါက်တစ်ခုကို တိုက်ရိုက် ဖိချလိုက်သည်။ အတိုင်းအတာသည် အလွန်တိကျသောကြောင့် ၎င်းကိုတိုင်းတာရန် ကိရိယာကိုပင် မလိုတော့ချေ။

ကျယ်ဝန်းသော ခန်းမကြီးကို ထိုတွင်းကြီးအတိုင်း အောက်တွင် မြင်နိုင်၏။

"ဆင်းရအောင်!"

နှစ်ယောက်သား မြေအောက်ထဲသို့ ခုန်ဆင်းလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Hikayelerin yaşadığı yer. Şimdi keşfedin