Bloody Love part- 64🖤

Start from the beginning
                                    

မာမီရဲ့ စကားတွေကြောင့် ရှင်းသန့် ငြိမ်သက်သွားရသည်။ မာမီမျက်ဝန်းထဲ၌ လောဘနှင့် ဒေါသအရိပ်အရောင်ကိုသာ တွေ့နေရပြီး မေတ္တာဆိုသည့် အရိပ်အရောင် လုံးဝမရှိ။

"မာမီက ကျနော့်ကို မချစ်ခဲ့ဘူးဘဲ"

"ဘာ"

"မာမီက မာမီရဲ့ လောဘကိုဘဲချစ်တာ"

"အံ့ရှင်းသန့်! နင့်စကားကို ပြန်ပြင်စမ်း! ငါမွေးလို့ နင်ဒီလူ့လောကထဲ ရောက်လာတာ! အဟား ငါ့ကြောင့်သာမဟုတ်ရင် နင်သေနေတာကြာပြီ! ငါသတ်လို့ သေနေတာကြာပြီ!"

ရှင်းသန့်ခေါင်းထဲ ပူထူသွားရသည်။ မာမီက သူ့အားသတ်ဖို့ စဉ်းစားခဲ့သည်တဲ့လား။ ထို့နောက် မာမီဟာ ဆက်ပြောသည်။

"ဒါပေမယ့် ဘာလို့ မသတ်ခဲ့လဲသိလား"

"........"

"နင့်ကိုမွေးတုန်းက ငါနင့်ကို သေလောက်အောင်ရွံခဲ့တာ။ ကိုယ်မလိုချင်ဘဲရခဲ့တဲ့ သွေးသားမလို့ သေလောက်အောင် သတ်ချင်ခဲ့တာ။ ဒါပေမယ့် နင့်ရဲ့အဖေ ဉီးဘုန်းခန့်က နင့်ကိုမသတ်ဘဲ သူနဲ့လက်ထက်ရင် သူပိုင်ဆိုင်သမျှ ငါရမယ်လို့ သူပြောခဲ့လို့ နင့်ကိုမသတ်ခဲ့တာ။ အဲ့နောက်တော့ နင့်အဖေက ငါ့ကို သံသယအမျိုးမျိုးဝင်တယ်။ ခဏခဏရန်ဖြစ်ရတယ်။ ကြာတော့ ငါလဲစိတ်ကုန်တာနဲ့ နင့်အဖေနဲ့ကွာလိုက်တယ်။

တိုက်ဆိုင်စွာနဲ့ အဲ့နေ့မှာ သူဌေးကြီးဉီးအံ့ဘုန်းမာန်ကို ငါအပိုင်ကြံလို့ရခဲ့တယ်။ အဟားဟား တစ်ခုလက်မှန်းငါသိပေမယ့်လည်း သူ့ပိုင်ဆိုင်မှုတွေကြောင့် ငါလက်ခံခဲ့တယ်။ သူကပြောခဲ့တယ်။ သူ့မှာအမွှာ သားသမီးနဲ့သမီးတစ်ယောက်ရှိတယ်တဲ့။ ပိုင်ဆိုင်မှု အားလုံးကို သူ့အမွှာသားနဲ့သမီးကို ပေးထားရတာဆိုပြီးတော့ ငါ့ကိုပြောခဲ့တယ်။

ဒါကြောင့် နင့်ကို ငါကအသုံးချလိုက်တာ။ သူ့တို့နှစ်ယောက်လုံးကို နင်ပိုင်အောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့ကတော့ နင့်ကိုစိတ်ဝင်စားမှုတောင်မပြဘဲ တခြားOmegaတွေကို Markလုပ်လိုက်တယ်တဲ့လေ။ အဲ့တော့ သူတို့သေမှ သူတို့ပိုင်ဆိုင်မှုတွေ ငါတို့ရမှာ။ အဲ့တာကြောင့် အခုလိုတွေလုပ်တာ"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now